အရက်သေစာသောက်သုံးပြီး ယာဉ်မောင်းခဲ့မှုအတွက် 2PM အဖွဲ့ဝင်ဂျန်ကေ တောင်းပန်

အရက်သေစာသောက်သုံးပြီး ယာဉ်မောင်းခဲ့မှုအတွက် 2PM အဖွဲ့ဝင်ဂျန်ကေ တောင်းပန်

တောင်ကိုရီးယားမှ နာမည်ကြီးအမျိုးသားပေါ့ပ်ဂီတအဖွဲ့ 2PM ၏ အဖွဲ့ဝင်အဆိုတော်ဂျန်ကေသည် အရက် သေစာသောက်သုံးပြီး ကားမောင်းခဲ့ခြင်းအတွက် 2PM ၏ တရားဝင်စာမျက်နှာမှတဆင့် တောင်းပန်ခဲ့သည်။

“ကျနော် မင်ဂျန်ပါ။ ပထမဦးဆုံးအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာရေးသားပြီးတော့ အားလုံးကို တောင်းပန်ရတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တဒင်္ဂရူးမိုက်ခဲ့မိပါတယ်။ အရက်မူးနေတဲ့အခါ ယာဉ်မောင်းမိရင် ဘယ်လိုမျိုးဖြစ်မယ်ဆိုတာကို သိသိရက်နဲ့ ကျူးလွန်ခဲ့မိတဲ့အတွက် ကျနော့်ကိုယ်ကျနော်လည်း နောင်တရမိပါ တယ်” ဟု ဂျန်ကေက စာရေးသားခဲ့သည်။

ဆက်လက်ပြီး “ကျနော့်ကိုချစ်ပြီး ကျနော့်ကိုယုံကြည်ကြတဲ့ ပရိသတ်တွေ၊ အဖွဲ့ဝင်တွေအားလုံး ကျနော့်ကြောင့် စိတ်ပျက်ခဲ့ရမယ်ဆိုရင် လေးလေးနက်နက်တောင်းပန်ပါတယ်” ဟု ဂျန်ကေက ဆိုခဲ့သည်။

ဂျန်ကေသည် ပြီးခဲ့သော ဖေဖေါ်ဝါရီလ ၁၀ရက်နေ့က အရက်သေစာသောက်သုံးပြီး ကားမောင်းခဲ့သည်ကို စစ်ဆေးရေးဂိတ်၌ တွေ့ရှိခဲ့ပြီး သူ၏သွေးထဲ၌ အယ်လ်ကိုဟောပမာဏမှာ ဝ.၀၀၇၄ ရာခိုင်နှုန်းခန့်သာရှိသော ကြောင့် သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ 2PM အဖွဲ့၏အေဂျင်စီဖြစ်သော JYP Entertainment ကလည်း ဖေဖေါ်ဝါရီလ ၁၃ရက်နေ့က တောင်းပန်စာထုတ်ပြန်ခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly