မကျွတ်​မလွတ်​​သေးသူများအား ပြည်​မြို့ တွင် ​ကျွေး​မွေးဒါနပြုပွဲ ပြုလုပ်

မကျွတ်​မလွတ်​​သေးသူများအား ပြည်​မြို့ တွင် ​ကျွေး​မွေးဒါနပြုပွဲ ပြုလုပ်

ဖေဖော်ဝါရီ ၁၄ ။            ။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့ ၊ အေးငြိမ်းရာဘာသာပေါင်းစုံသုသာန်တွင် ဖေဖော်ဝါရီ ၁၃ ရက်က အကျွတ်အလွတ်ပွဲတော်တတိယညအဖြစ် မကျွတ်မလွတ်သေးသူများကို အစားအသောက် ကျွေးမွေးခြင်းအလှူ ဒါနပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

"တကယ်တော့ ပရလောကမှာ မကျွတ်မလွတ်သေးတဲ့ ပုဂ္ဂိုလ် အားလုံးဟာ အမေ့ခံတွေ ။ အဲဒီအမေ့ခံတွေအတွက် ကျွန်တော်တို့က ဒီလိုမျိုး တစ်နှစ်တစ်ကြိမ်ကျင်းပ ပြုလုပ်ပေးခြင်းအားဖြင့် သူတို့တွေ ကျွတ်လွတ်ကြမှာ"ဟု ပွဲစီစဉ်သူ ဦးမင်းမင်းထွန်းက ပြောသည်။

အကျွတ်အလွတ်ပွဲ ပထမ နှင့် ဒုတိယ နေ့ များဖြစ်သော ဖေဖော်ဝါရီ ၁၁ ရက် နှင့် ၁၂ ရက်များ တွင် အထူးတရားပွဲများပြုလုပ်ခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၉ နာရီတွင် ပင့်သံဃာ အပါး၂၀ မှ သီလပေးတရားများဟောကြားခဲ့ပြီး  သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်ခဲ့ကြသည်။

ထို့နောက် ည ၆ နာရီတွင် သတ်မှတ်ထားသောနေရာ၌ အမှောင်ချကာ သုသာန်စောင့်မြေဖုတ်ဘီလူးများနှင့် မကျွတ်မလွတ်သေးကြသူများအား ထမင်း ၊ ပဲဟင်း ၊ အမဲသားဆီပြန်ဟင်း ၊ သောက်ရေတို့ဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သုသာန်မှ အုတ်ဂူများတွင်လည်း ဖယောင်းတိုင်မီးများ ၊ အမွေးတိုင်များ ထွန်းညှိပေးထား ပြီး ပွဲတော်အတွင်း ထူးခြားချက်များစွာရှိခဲ့သည်ဟု ပွဲစီစဉ်သူများက ပြောသည်။

ယင်းအစီအစဉ်ကို အေးငြိမ်းရာသုသာန် မီးသဂြို ၤလ်စက်ကြီးကြပ်မှု ကော်မတီက ဦးဆောင်ကာ မြို့မိမြို့ဖများ ထည့်ဝင်လှူ ဒါန်းငွေဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းငွေကျပ်သိန်း ၅၀ ခန့်ကုန်ကျသည်ဟုသိရသည်။

၎င်း အကျွတ်အလွတ်ပွဲသည် ပြည်မြို့တွင် ပထမဆုံး ပြုလုပ်ခြင်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly