စစ်တွေကမ်းနား မြေယာဖော်ဆောင်ပြီးနောက်ပိုင်း လက်ခတ်လှေနဲ့ ခရီးသည်တွေ သွားလာရ အဆင်မပြေမှုများရှိနေ

စစ်တွေကမ်းနား မြေယာဖော်ဆောင်ပြီးနောက်ပိုင်း လက်ခတ်လှေနဲ့ ခရီးသည်တွေ သွားလာရ အဆင်မပြေမှုများရှိနေ
BXT မှ ဖော်ဆောင်နေသော မြေယာစီမံကိန်းအနီး တွေ့ရသော လက်ခတ်လှေများအား တွေ့ရစဉ်။
 

 

စစ်တွေ၊ ဖေဖော်ဝါရီ ၁၃ ရက်။                  ။ ရခိုင်ပြည်နယ် စစ်တွေမြို့မဈေးဖောင်တော်ကနေ မြစ်ကမ်းဘေးတစ်လျှောက် ဖော် ဆောင်ထားတဲ့ စစ်တွေမြေကမ်းနားမြေယာတွေ   ဖော်ဆောင်လိုက်တာကြောင့် လက်ခတ်လှေနဲ့ ခရီးသည်တွေ သွားလာရ အဆင်မပြေမှုများရှိနေကြောင်း သိရပါတယ်။

မြေယာဖော်ဆောင်လိုက်တာကြောင့် လက်ခတ်လှေတွေ၊ ဈေးရောင်းဈေးဝယ်ပြုသူတွေ၊ နယ်ကလာတဲ့ ခရီးသည်တွေနဲ့ စည်ကားမှုတွေရှိလာပေမဲ့ လက်ခတ်လှေတွေကမ်းကပ်မဲ့ ဝင်ပေါက်တွေ ပိတ် သွားတဲ့အတွက် အခက်ကြုံရသလို ခရီးသည်တွေအနေနဲ့လည်း ဆိပ်ကမ်းကိုတက်ပြီး လမ်းအဝေးကြီး လျှောက်ရတဲ့ အခက်ခဲတွေ ရှိနေပါတယ်။

စစ်တွေမြစ်ကမ်းဘေးတစ်လျှောက်မှာ လက်ခတ်လှေလုပ်ငန်းနဲ့ လုပ်ကိုင်နေတာ ၁၀ နှစ်ကျော် လောက်ရှိပြီ ဖြစ်ကာ အရင်တုန်းကနဲ့ယှဉ်ရင် အဆင်မပြေတာတွေ တော်တော်များလာပြီလို့ လက်ခတ်လှေသမား တစ်ဦးဖြစ်တဲ့ ကိုမောင်သန်းဇော်က ပြောပါတယ်။

လက်ခတ်လှေသမားတွေဟာ ပွင့်လင်းရာသီတွေထက် မိုးရာသီတွေရောက်လာရင် ဒီထက်ဆိုးတဲ့ အခက်အခဲတွေကိုလည်း ကြုံရတယ်လို့လည်း ဆိုပါတယ်။

အခုဖော်ဆောင်ထားတဲ့ ကမ်းခြေမှာ ကမ်းတက်လှေကားတွေမရှိဘဲ မြေပြင်ကိုတစ်ခါတည်း တက်ရပြီးတော့ လိူင်းထန်တဲ့နေ့တွေမှာဆိုရင် ခရီးသည်တွေဟာ တက်ရဆင်းရတာ အဆင်မပြေဘူးလို့ နယ်ကလာတဲ့ ခရီးသည်တစ်ဦးဖြစ်တဲ့ ဦးလှကျော်ဇံက ပြောပါတယ်။

လက်ခတ်လှေသမားတွေဟာ လှေကပ်တဲ့အခါ ဝန်ချ၊ ဝန်တင်တဲ့ အခက်အခဲတွေကြုံရတဲ့အပြင် ငွေရေးကြေးရေးအခြေနေဟာလည်း အရင်းကထက် ဆိုးဝါးလာတယ်လို့လည်း လှေသမားတွေက ပြောပါတယ်။

မြေယာဖော်ဆောင်တဲ့ BXT ကုမ္ပဏီက အနေနဲ့ သူတို့ရဲ့ စားဝတ်နေရေးတွေအတွက် မြေဖို့ထားတဲ့နေရာမှာ ဆိပ်ကမ်းအဖြစ် သတ်မှတ် အသုံးပြုခွင့်ပေးထားပးထားတယ်လို့လည်း သိရပါတယ်။

စစ်တွေမြစ်ကမ်းဘေးတစ်လျှောက်ဖော်ဆောင်ထားတဲ့ မြေယာတွေဟာ အစိုးရနဲ့ ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ BXT တို့ပူးပေါင်းဖော်ဆောင်ထားတာဖြစ်ပြီး မြေတစ်ပေကို ၂၅၀၀၀ ခုကနေစပြီးရောင်းချပေးနေတာပါ။

အဲဒီမြေယာတွေကို ဖော်ဆောင်လို့အပြီးမှာတော့ လမ်းဘေးမှာ ရောင်းချနေရတဲ့ ဈေးသည်တွေအတွက် ရည်ရွယ်ပြီး စစ်တွေဖောင်တော်နဲ့ ကပ်လျှက်ရှိတဲ့ မြေနှစ်ဧကကို အခမဲ့ပေးဆောင်သွားမယ်လို့လည်း သိရပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly