ဘာစီလိုအသင်းနှင့် ဆီဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို အက်သလက်တီကိုအသင်းရဲ့ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ ကျင်းပရန် ကလပ်နှစ်သင်းလုံးက တနင်္လာနေ့က သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုကို စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဌာနချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲရောက် ကလပ်နှစ်သင်းလုံးရဲ့ ကိုယ်စားလှယ်များက ဧပြီလ ၂၁ ရက်နေ့မှာ အက်သလက်တီကိုရဲ့ ကွင်းသစ်မှာ ကစားဖို့ သဘောတူညီခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ ဖလားလုပွဲအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပတာဖြစ်လာပါလိမ့်မယ်။
ထိုင်ခုံ ၆၈,၀၀၀ ရှိ အက်သလက်တီကိုအသင်းရဲ့ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပရန် ရွေးချယ်ထားကြောင်းလည်း သိရှိရပါတယ်။
Ref; EFE-EPA