ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်

ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်

ရန်ကုန်၊ သြဂုတ် ၂၄ ။         ။ သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးများအဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးနှစ်ဦးကို ခန့်အပ်လိုက် သည်။

သြဂုတ် ၂၄ ရက်စွဲဖြင့် ခန့်အပ်တာဝန်ပေးရာတွင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းအား ကာကွယ် ရေးဝန်ကြီးဌာနနှင့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအား နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့အတွက် အသီးသီးဖြစ် သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၂ တို့အရ ဖြစ်သည် ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly