‘ကီဗင်ဒီဘရိုင်း Ballon d'Or ဆုကို ဆွတ်ခူးဖို့ ဆုဖလားတွေ လိုအပ်တယ်’ - ဂွာဒီယိုလာ

‘ကီဗင်ဒီဘရိုင်း Ballon d'Or ဆုကို ဆွတ်ခူးဖို့ ဆုဖလားတွေ လိုအပ်တယ်’ - ဂွာဒီယိုလာ
(ဓာတ်ပုံ - အီးပီအေ)

ကီဗင်ဒီဘရိုင်းဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု Ballon d'Or ကို ဆွတ်ခူးဖို့ဆိုရင် “ဆုဖလားအများအပြား ရရှိဖို့ အထူးသဖြင့် ချန်ပီယံလိဂ်ဖလား”ကို ရယူဖို့ လိုအပ်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

အဆိုပါကွင်းလယ်ကစားသမားဟာ အဆင့်တစ်ခုမှာ ကစားခဲ့မယ်ဆိုရင် ဒါက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို စိန်ခေါ်နိုင်တဲ့ အဆင့်ရောက်ပြီလာလို့ သတင်းထောက်များက မေးမြန်ခဲ့ရာမှာ ပက်က “သံသယဖြစ်စရာ မရှိဘူး”လို့ ပြောပါတယ်။

“Ballon d'Or ဆုကို စိန်ခေါ်သူတစ်ယောက်ဖြစ်လာဖို့ ခင်ဗျား ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ လိုပါတယ်။ အဲဒီပြိုင်ပွဲတွေမှာ နောက်ဆုံးအဆင့်တွေကို တက်ရောက်ဖို့လည်း လိုပါတယ်။ မဟုတ်ခဲ့ရင်တော့ ဆန်ကာဆင်အဆင့်မှာတောင် ပါနိုင်မှာ မဟုတ်ပါဘူး။”

“ဒါပေမယ့် လက်စတာနဲ့ ရင်ဆိုင်ခဲ့တဲ့ သူ့ရဲ့ ကစားပုံကို ကြည့်ပါ။ သူ့လို ပိုကောင်းအောင် ကစားနိုင်တဲ့သူမျိုး ဥရောပမှာ ရှာတွေ့ဖို့ အရမ်း ခက်ခဲပါတယ်။”

မန်စီးတီးအသင်းဟာ စနေနေ့က လက်စတာအသင်းကို အိမ်ကွင်းမှာ ၅-၁ ဂိုးနဲ့ ဂိုးပြတ်နိုင်တဲ့ပွဲမှာ ဒီဘရိုင်းက ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ကြောင့် သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်း ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ရှိလာခဲ့ပါတယ်။

ဂွာဒီယိုလာက အခုလို ဒီဘရိုင်းရဲ့ ခြေစွမ်းပြသမှုအပေါ် ပြောဆိုရာမှာ “သူဟာ အခုလို ပုံစံမျိူး ကစားနေတာဟာ ပွဲတစ်ပွဲထဲ မဟုတ်ပါဘူး။ ဒါဟာ တစ်ရာသီပတ်လုံးနဲ့ တပတ် ၃ ရက်နှုန်း ဒီလို ကစားခဲ့တာပါ။”လို့ သူက ပြောပါတယ်။

ရီးယဲလ်တိုက်စစ်မှူး ရော်နယ်လ်ဒိုက ၅ ကြိမ်မြောက် Ballon d'Or ဆု ဆွတ်ခူးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ဒီဘရိုင်းဟာ အဆိုပါဆုစာရင်းမှာ အဆင့် ၁၄ မှာ ချိတ်ခဲ့ပါတယ်။

Ballon d'Or ဆုကို ၂၀၀၇ ခုနှစ်က ကာကာ ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း ရော်နယ်လ်ဒိုနှင့် ဘာစီလိုနာကြယ်ပွင့် မက်ဆီတို့သာ အဆိုပါဆုကို သိမ်းပိုက်ထားတဲ့ ကစားသမားတွေဖြစ်ပြီး သူတို့ဟာ Ballon d'Or ဆု ငါးကြိမ်စီ ရရှိထားပါတယ်။ 

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly