ဖီးလ်ဂျံုးစ်နှင့် စမောလင်းကို ဘေးဆိုးတစ်ခုအဖြစ် ဖီးလ်နဗီးသတ်မှတ်

ဖီးလ်ဂျံုးစ်နှင့် စမောလင်းကို ဘေးဆိုးတစ်ခုအဖြစ် ဖီးလ်နဗီးသတ်မှတ်

 

ဖေဖော်ဝါရီ ၁၂၊ မန်ချက်စတာ။             ။ တနင်္ဂနွေနေ့တွင် မန်ယူနိုက်တက်က နယူးကာဆယ်ကို မထင်မှတ်ဘဲရှုံးသွားပြီးနောက် ဗဟိုနောက်ခံအတွဲဖြစ်သည့် ဖီးလ်ဂျုံးစ်နှင့်စမောလင်းတို့ကို   ဘေးဆိုးတစ်ခုဟု နောက်တန်းကစားသမားဟောင်း ဖီးလ်နဗီးကပြောဆိုလိုက်သည်။

မော်ရင်ဟို၏အသင်းမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာတွင်ရှိနေပြီး ခံစစ်မှတ်တမ်းအကောင်းဆုံးဖြစ်နေသော် လည်း အင်္ဂလန်နောက်ခံလူနှစ်ဦးကြောင့်မဟုတ်ဟု နဗီးကပြောသည်။

အနိုင်သုံးမှတ်အတွက်နယူးကာဆယ်အသင်း၏ဘောလုံးကစားပုံကိုချီးကျူးခဲ့သည့် မော်ရင်ဟိုကလည်း နောက်တန်းကို ပြစ်တင် ဝေဖန်မှုများပြုလုပ်ခဲ့သည်။

“သူတို့က ခံစစ်မှတ်တမ်းအကောင်းဆုံးဖြစ်နေမှာပေါ့။ ကမ္ဘာ့အကောင်းဆုံးဂိုးသမား ဒီဂီယာရှိနေသလို သူတို့ရှေ့ကနေ ကောင်းကောင်းကာကွယ်ပေးမယ့် မာတစ်လည်းရှိနေတာကိုး။

နောက်ဆုံးအဝေးကွင်းနှစ်ပွဲဖြစ်တဲ့ စပါးနဲ့ နယူးကာဆယ်ပွဲမှာတော့ စမောလင်းနဲ့ ဂျုံးစ်က အသင်းအတွက် ကပ်ဆိုးတစ်ခုလို ဖြစ်ခဲ့တယ်။ အလီနဲ့ကိန်းကိုသူတို့ မထိန်းနိုင်ခဲ့ကြဘူး။

နယူးကာဆယ်နဲ့ပွဲမှာ သူတို့အမှားနည်းခဲ့ပါတယ်။ ဒါပေမဲ့ ဦးနှောက်မရှိတာလေးတစ်ခုပဲ။ သူတို့ဆုံးဖြတ်ချက်တွေက ထူးဆန်း တယ်။ သူတို့ဘာလုပ်နေပါလိမ့်လို့တောင် တွေးယူရတယ်။ အဲဒီနှစ်ယောက်က အင်္ဂလန်ရဲ့အကောင်းဆုံး လူငယ်နောက်ခံလူတွေ တဲ့”ဟု အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဖီးလ်နဗီးက ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly