မန်ယူနိုက်တက်နှင့်အတူ ဆုဖလားများရယူရန် အာဆင်နယ်ကို စွန့်ခွာခဲ့ဟု ဆန်းချက်ဇ်ဆို

မန်ယူနိုက်တက်နှင့်အတူ ဆုဖလားများရယူရန် အာဆင်နယ်ကို စွန့်ခွာခဲ့ဟု ဆန်းချက်ဇ်ဆို

 

ဖေဖော်ဝါရီ ၁၀၊ မန်ချက်စတာ။                 ။ မန်ချက်စတာယူနိုက်တက်အသင်းကို အင်္ဂလန်၏အကြီးဆုံးကလပ်ဟု ဆန်းချက်ဇ်ကတံဆိပ်ကပ်လိုက်ပြီး ယူနိုက်တက်နှင့်အတူအောင်မြင်မှုများရယူရန် အာဆင်နယ်ကိုစွန့်ခွာခဲ့သည်ဟု ပြောဆိုလိုက်သည်။

မစ်ခီတာယန်နှင့် ကစားသမားအလဲအလှယ်အဖြစ် ယူနိုက်တက်သို့ရောက်လာသည့် ဆန်းချက်ဇ်က အသင်းသစ်ကို နိုင်ငံ၏အကြီးဆုံးအသင်းအဖြစ် ယုံကြည်ခဲ့ပြီး အာဆင်နယ်ကိုလည်း အလားတူ ထင်မြင်နေသည်။

သို့သော်လည်းအသက် ၂၉ နှစ်အရွယ်ကစားသမားက ခြေစွမ်းတိုးတက်လာသည့်ကစားသမားအဖြစ် အာဆင်နယ်ကို စွန့်ခွာခဲ့ပြီး ပရီးမီးယားလိဂ် ၁၃ ကြိမ်ချန်ပီယံအသင်းနှင့်အတူ မည်သည့်အောင်မြင်မှုကိုမဆိုရယူရန် စိတ်ပိုင်းဖြတ်ထားသည်။

“ငယ်ငယ်ကတည်းက အဲဒီလိုထင်ခဲ့တာပါ။ ဒီရောက်နေမှ အကြီးဆုံးကလပ်လို့ပြောတာမဟုတ်ပါဘူး။ ကျွန်တော် လိမ်လည်းမပြောတတ်ပါဘူး။

အသင်းကြီးတွေအများကြီးရှိနေပြီး တစ်သင်းအပါအဝင်ဖြစ်တဲ့အာဆင်နယ်မှာလည်းကစားခဲ့ပါတယ်။ ဒီကိုပြောင်းလာ တာကတော့ ဆုတံဆိပ်တွေအတွက်ပါ။

ယူနိုက်တက်လိုအသင်းကြီးအနေနဲ့ ဆုဖလားတွေရယူနိုင်စွမ်းရှိတယ်ထင်လို့ပါ။ အာဆင်နယ်ကိုစွန့်ခွာခဲ့တာက ကစားသမားတစ်ယောက်အနေနဲ့ တိုးတက်လိုပြီး အသင်းသစ်နဲ့အတွေ့အကြုံလိုချင်လို့ပါ”ဟု ဆန်းချက်ဇ်က စကိုင်းစပို့စ်တွင် အွန်နရီကို ပြောသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly