ဘန်ကောက်ရှိ အိမ်တစ်ခုအတွင်း ဗုံးတစ်လုံးတွေ့

ဘန်ကောက်ရှိ အိမ်တစ်ခုအတွင်း ဗုံးတစ်လုံးတွေ့
photo - reuters

ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်ရှိ နေအိမ်တစ်လုံးတွင် သြဂုတ်၂၄ရက်က ဗုံးတစ်လုံး တွေ့ရှိခဲ့ရာ ထိုဗုံးကို အန္တရာယ်မပေးနိုင်တော့အောင် ပြုလုပ်ခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် အပတ်ကလည်း ဘန်ကောက်မြို့လယ်ရှိ လေးမျက်နှာဘုရားကျောင်း (Erawan Shrine) အနီးတွင် ဗုံးပေါက်ကွဲခဲ့ရာ လူ ၂၀ ခန့် သေဆုံးခဲ့သည်။

“ဒီနေ့ မွန်းလွဲပိုင်းက Sukhumvit 81 လမ်းမှာ ဗုံးတစ်လုံး တွေ့တယ်လို့ သတင်းတွေ ရရှိခဲ့ပါတယ်။ ကျွန်တော်သွားရောက် စစ်ဆေးတဲ့အခါမှာ ဗုံးတစ်လုံးကို တွေ့ရှိခဲ့ပါတယ်” ဟု ထိုင်းရဲတပ်ဖွဲ့၏ ဖောက်ခွဲရေးလက်နက်ပစ္စည်းဆိုင်ရာ အဖွဲ့မှ ရဲအရာရှိ Kamthorn Aucharoen က ရိုက်တာ သတင်းဌာနအား ပြောကြားခဲ့သည်။

“ဆောက်လုပ်ရေး အလုပ်သမားတစ်ယောက်ရဲ့ အိမ်ထဲမှာ ဗုံးရှိခဲ့တာပါ။ အဲဒီဗုံး အန္တရာယ်မပေးနိုင်အောင် ကျွန်တော်တို့ ပြုလုပ်ခဲ့ပြီးတော့၊ အဲဒီဗုံးကို ဖျက်ဆီးပစ်မှာပါ” ဟု Kamthorn Aucharoen က ဆိုခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly