မန်ချက်စတာဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူများအတွက် အလွန်အမင်းဝမ်းနည်းခဲ့ရသည့် အာရီရာနာဂရန်ဒီ

မန်ချက်စတာဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူများအတွက် အလွန်အမင်းဝမ်းနည်းခဲ့ရသည့် အာရီရာနာဂရန်ဒီ

 

အမေရိကန်အဆိုတော်မလေး အာရီရာနာဂရန်ဒီသည် မန်ချက်စတာအားကစားကွင်း တိုက်ခိုက်ခံရမှုပြီးနောက် ရက်ပေါင်းများစွာကြာအောင် ငိုကြွေးခဲ့ရပြီး ဗုံးပေါက်ကွဲမှုအတွင်းသေဆုံးခဲ့သူများအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု သူမ၏မန်နေဂျာဖြစ်သူက ပြောခဲ့ပါတယ်။

အာရီရာနာဂရန်ဒီ၏ မန်နေဂျာဖြစ်သူ စကူတာဘရောန်က သူနှင့်အာရီရာနာတို့သည် သေဆုံးခဲ့သူများ၏ မိသားစု ၁၉စုနှင့် တွေ့ဆုံခဲ့ကြကြောင်းနှင့် တိုက်ခိုက်မှုပြီးနောက်တွင် အာရီရာနာသည် စိတ်ဒဏ်ရာရရှိခဲ့ပြီး သူမအနေဖြင့် သီချင်းပြန်ဆိုနိုင်ပါ့မလားလို့တောင် မေးခွန်းထုတ်နေမိခဲ့တယ်လု့ိ ပြောခဲ့ပါတယ်။

သို့သော်လည်းသူမအနေနဲ့ ကွယ်လွန်သူများအား ရည်စူးဂုဏ်ပြုသည့်အနေဖြင့် ဂီတဖျော်ဖြေပွဲပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

မန်နေဂျာက အာရီရာနာဟာ မန်ချက်စတာအားကစားကွင်း၌ သူမ၏ဖျော်ဖြေပွဲပြီးဆုံးချိန်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသတင်းကို ကြားသိရချိန်မှာ ရက်ပေါင်းများစွာကြာအောင် စိတ်ထိခိုက်ရတယ်လို့ ပြောခဲ့ပါတယ်။

“သူမရဲ့ ပရိသတ်တွေ သေဆုံးကုန်တယ်လို့သိလိုက်ရချိန်မှာ သူမအရမ်းကိုဝမ်းနည်းခဲ့ပါတယ်။ သူမ ရက်ပေါင်း များစွာကြာအောင် ငိုကြွေးနေခဲ့ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

ထိုမန်ချက်စတာဗုံးပေါက်ကွဲမှုပြီးနောက် ၂ပတ်အကြာတွင် သူမနှင့် အခြားအဆိုတော်ကြယ်ပွင့်များသည် One Love Manchester ဟုအမည်ပေးထားသော ဖျော်ဖြေပွဲကိုကျင်းပခဲ့ပြီး ကွယ်လွန်သူများအတွက် ထောက်ပံ့ပေး နိုင်ရန် ရန်ပုံငွေရှာဖွေခဲ့ကြသည်။

ထိုဖျေ်ာဖြေပွဲသို့ ပရိသတ် ၅၀၀၀၀ ကျော်ခန့်တက်ရောက်ခဲ့ပြီး မိုင်လီဆိုင်းရပ်စ်၊ ကေတီပယ်ရီ၊ ဂျက်စတင်ဘီဘာနှင့် အခြားနာမည်ကျော်အနုပညာရှင်များ လာရောက်ဖျော်ဖြေပေးခဲ့ကြသည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly