ရခိုင်ရေဘေး လိုအပ်များရှိနေဆဲဟု ရခိုင်ပြည်ဝန်ကြီးချုပ်ပြော

ရခိုင်ရေဘေး လိုအပ်များရှိနေဆဲဟု ရခိုင်ပြည်ဝန်ကြီးချုပ်ပြော
ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရခိုင်ပြည်နယ် ရေဘေးသင့် ပြည်သူများမှာ လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်းနှင့် အကူအညီများ လိုအပ်နေသေးကြောင်း သြဂုတ်လ ၂၂ ရက်က စစ်တွေမြို့ ဦးဥတ္တမ ခန်းမ၌ ရခိုင်တိုင်းသားရေးရာ ဝန်ကြီးဌာန မှ ပေးအပ်သော အလှူလက်ခံပွဲတွင် ရခိုင်ပြည်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားလိုက်သည်။

"လိုအပ်ချက်တွေကတော့ အများကြီးရှိပါသေးတယ်။ ကျွန်တော် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်သို့ ရောက်ပါတယ်။ အခုအချိန်ထိ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ သွားရင် အားလုံးက ကျနော်တို့ကို တောင်းဆိုတာရှိပါတယ်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်။ ထပ်မံလည်း လိုအပ်နေတဲ့အတွက် ထပ်မံလည်း အကူအညီများ စနစ်တကျ လက်ခံပြီးတော့ မရသေးတဲ့ ကျေးရွာများ၊ နည်းတဲ့ကျေးရွာများ၊ အမှန်တကယ် ရရှိဖို့ကျန်တဲ့သူတွေကို လက်ဝယ်ရရှိရေး စီမံဆောင်ရွက်နေတယ်လို့ ပြောပြပါရစေ။ " ဟုပြောသည်။

ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် လယ်ယာမြေ တော်တော်များများ ပျက်စီးခဲ့သောကြောင့် အချိန်မီစိုက်နိုင်သည့် လယ်ခင်းများကို စိုက်ပျိုးပေးပြီး စိုက်လို့မရနိုင်သည့် လယ်ယာမြေများကို အခြားဆောင်းပဲ သီးနှံများ စိုက်ပျိုးပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဝန်ကြီးချုပ်ကို တိုက်တွန်းခဲ့သည်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ရခိုင်သဟာယအသင်းနှင့်ပူးပေါင်း လက်ခံရရှိထားသည့် အလှူငွေ သိန်း ၂၈၀၀ တန်ဘိုးရှိ ဆန်အိတ်များ၊ ငွေသားများ၊ ရေစုပ်စက်များ၊ ရေလှောင်ရန် တာလီဘတ် များကို အစိုးရအဖွဲ့နှင့် အခြားစစ်တွေမြို့ရှိ ကယ်ဆယ်ရေးပေးအဖွဲ့အစည်းများသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly