၂၀၁၅ရွေးကောက်ပွဲအတွက် NLD နှင့် ၈၈ ပူးတွဲကြေငြာချက်ထုတ်

၂၀၁၅ရွေးကောက်ပွဲအတွက် NLD နှင့် ၈၈ ပူးတွဲကြေငြာချက်ထုတ်

၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှင့် ပတ်သက်၍ အချက်လေးချက် ပါဝင်သည့် ကြေငြာချက် တစ်စောင်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းတို့ သြဂုတ် ၂၄ရက်က ပူးတွဲထုတ်ပြန်လိုက်သည်။

"ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အပါအဝင် တူညီသော နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရန်"ဟု ဆိုကာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲသည် နိုင်ငံ၏ အရေးကြီးသည့် အချိုးအကွေ့ဖြစ်သဖြင့် မဲဆန္ဒရှင်များ တက်တက်ကြွကြွ ပါဝင်ရေး နှင့် မဲစာရင်းမှန်ကန်မှုရှိစေရေး၊ ရွေးကောက်ပွဲ မဲမသမာမှု ကင်းရန် စောင့်ကြည့်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အပါအဝင် ရွေးကောက်ပွဲ နှင့် အနာဂါတ်အတွက် တိုင်းပြင် ပြုပြင်ပြောင်းလဲရေးတွင် ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကြေငြာလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags