ပေါက်ကွဲနိုင်သေးသည့် ကားမိုင်းဟောင်းတစ်လုံး မောင်တောတွင် တွေ့ရှိ

ပေါက်ကွဲနိုင်သေးသည့် ကားမိုင်းဟောင်းတစ်လုံး မောင်တောတွင် တွေ့ရှိ
ဓာတ်ပုံ - ပြည်ထဲရေး

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။                  ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခွဆုံကျေးရွာတွင် ပေါက်ကွဲနိုင်သေးသည့် ကားမိုင်းဟောင်းတစ်လုံး တွေ့ရှိခဲ့  ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

မိုင်းတစ်လုံးတွေ့ရှိကြောင်း သတင်းအရ သဝန်ချောင်း ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၆ ရက်၊ နံနက် ၁၁ နာရီ၊ ၄၅ မိနစ်တွင် ခွဆုံကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကားမိုင်းအားတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 ထိုသို့ တွေ့ရှိခဲ့သည့် ကားမိုင်းမှာ အလျား ၁ဝ လက်မ၊ လုံးပတ် ၁၂ လက်မခန့်ရှိပြီး အောက်ခြေအရင်းတွင် အစိမ်းရောင်တိပ်ကပ်ထားကာ ကိုယ်ထည်တွင် ခဲရောင်တိပ်ဖြင့် ကပ်ထားသည်။

အဆိုပါ ကိုယ်ထည်တွင် ကပ်ထားသည့် ခဲရောင်တိပ်ပေါ်တွင်လည်း AD ဟု ရေးသားထားပြီး ဘတ္ထရီနှင့် ချိတ် ဆက် အသုံးပြုရသော ကားမိုင်းဟောင်း (သက်ရှိ) ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန် ချက်တွင်ဖော်ပြပါရှိသည်။

လက်ရှိတွင် အဆိုပါ ကားမိုင်းအား သဝန်ချောင်း ရဲကင်းစခန်းမှ နယ်မြေခံတပ်သို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly