ရမ်ဆေး၏ စာချုပ်ကိစ္စအတွက် အာဆင်နယ်အသင်းစိုးရိမ်နေ

ရမ်ဆေး၏ စာချုပ်ကိစ္စအတွက် အာဆင်နယ်အသင်းစိုးရိမ်နေ

ဖေဖော်ဝါရီ ၆၊ လန်ဒန်။          ။ ရမ်ဆေး၏ စာချုပ်သစ်ကိစ္စကိုအရှိန်မြှင့်ကြိုးပမ်းနေသည့် အာဆင်နယ်အသင်းသည် လုပ်ခလစာပေးချေမှုပုံစံသစ်၏ ပထမဆုံး အကြိမ်စမ်းသမ်မှုနှင့်ရင်ဆိုင်ရဖွယ်ရှိနေသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကမူ အသင်း၏ လက်ရှိသွားနေသည့် လစာပေးချေမှုပုံစံ၏ နှစ်ဆဖြစ်သောတစ်ပတ်ပေါင် ၃၅၀, ၀၀၀ ခန့်ရရှိမည့်အိုဇေးလ်၏စာချုပ်သစ်ကြောင့် ကျန်အသင်းသားများကိုဆက်ထိန်းရန်ကြိုးပမ်းရာတွင် အနှောက်အယှက် မဖြစ်နိုင်ဟု ပြောဆိုထားသည်။

ကစားသမားသစ်များဖြစ်သော အူဘာမီယန်းနှင့် မစ်ခီတာယန်တို့မှာလည်း တစ်ပတ်ပေါင် ၂၀၀, ၀၀၀ နီးပါးရရှိနေကြသည်။ ကြံ့ခိုင်မှုပြန်ကောင်းလာပြီး အဲဗာတန်နှင့်ပွဲတွင်ဟစ်ထရစ်သွင်းထားသည့် ရမ်ဆေးသည် စာချုပ်သက်တမ်း ၁၈ လသာ ကျန်တော့ပြီး စာချုပ်သစ်ချုပ်ရန် သဘောတူထားခြင်းမရှိသေးပေ။

ဝေးလ်လက်ရွေးစင်ကစားသမားကို ဆက်ထိန်းရန်ကြိုးပမ်းရာတွင် လစာကိစ္စက အဓိကအခက်အခဲဖြစ်လာမည်ဟု စိုးရိမ်မှုကြီးထွားလာနေခြင်းဖြစ်သည်။

စာချုပ်သစ်အတွက် စတင်ဆွေးနွေးနေပြီဖြစ်သော်လည်း နှောင့်နှေးလျှက်ရှိသည်။ လက်ရှိတွင် တစ်ပတ်ပေါင် ၁၁၀, ၀၀၀ ရနေသည့်ရမ်ဆေးအနေဖြင့် လစာပိုမိုမြင့်မားစွာလိုချင်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly