ကျံုမငေး နယ်မြေစခန်းမှူး ရဲအုပ်လှိုင်ဝင်း သေနတ်ဒဏ်ရာဖြင့် ရုတ်တရက်သေဆုံးမှုအား စစ်ဆေးနေ

ကျံုမငေး နယ်မြေစခန်းမှူး ရဲအုပ်လှိုင်ဝင်း သေနတ်ဒဏ်ရာဖြင့် ရုတ်တရက်သေဆုံးမှုအား စစ်ဆေးနေ

ပုသိမ်၊ ဖေဖော်ဝါရီ ၅ ။          ။ ဝါးခယ်မမြို့နယ်၊ကျုံမငေး နယ်မြေစခန်းမှူး ရဲအုပ်လှိုင်ဝင်းသည် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက် ၁၁ နာရီ ဝန်းကျင်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်၊ ကျုံမငေး နယ်မြေစခန်းမှူး ရဲအုပ်လှိုင်ဝင်းက အမှုနဲ့ပတ်သက်ပြီး တရားခံ ဖမ်းသွားဖို့ယူနီဖောင်းလဲနေတဲ့အချိန်မှာသူ အမျိုးသမီးက အိမ်ရှေ့မှာ ဆွမ်းလောင်းနေတယ်။ အိမ်ပေါ်ကနေ ဝုန်းဆိုပြီး အသံကြားတယ်။ သူ့ကို အိမ်ပေါ်မှာ တက်ကြည့်တာ သွေးအိုင်ထဲမှာတွေ့ရလို ဆေးရုံကိုပို့တယ်၊ ဒါနဲ့ ပတ်သက်ပြီး ဆေးရုံက စစ်ဆေးနေတယ်။ အခု ဆေးစာ စောင့်နေတယ် ” ဟု ဒုတိယရဲမှူးကြီး ခင်မောင်လတ် က ကျုံမငေးစခန်းမှူး သေဆုံးမှုနှင့်ပတ်သက်ပြီး ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၊ကျူံမငေးနယ်မြေရဲ စခန်းမှူး သေနတ်ဒဏ်ရာနှင့် သေဆုံးမှုအား အသေးစိတ်စစ်ဆေးနေကြောင်း၊ သေဆုံးမှုနှင့်ပတ်သက်ပြီး ဆေးစစ်ချက် ကို စောင့်နေကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးတွင် ကိုယ့်ကိုကိုယ် သတ်သေမှု ၉၁၈ မှု ဖြစ်ပွားခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် ၉၃၈ မှု အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် လူသတ်မှုပေါင်း ၁၅၈ မှုသာ ရှိသည်။

“ ၂၀၁၇ ခုနှစ်မှာ ကိုယ့်ကိုကိုယ်သတ်သေတဲ့အမှုတွေ အားလုံးပေါင်း ၉၃၈ မှု ဖြစ်ပွားပါတယ်။ ကို့ကိုယ်ကို သတ်သေတာတွေကို ပြန်စိစစ်တာ။ အများစုက အရက်ကြောင် ကြောင်တာများပါတယ်။ အရက်သေစာ သောက်စားတဲ့ အလွန်အကျွံသောက်စားပြီး ကြိုးဆွဲချသေတဲ့အမှုများပြီး၊ ကျန်တဲ့အနည်းအကျဉ်းလောက်ပဲ ကိုယ့်ကိုကိုယ် ဓားနဲ့ထိုးတယ်။ တခြားသောနည်းနဲ့ ကိုယ့်ကိုကိုယ်သေကြောင်းကြံတာတွေ ဖြစ်ပါတယ်။ အဓိက ဖြစ်ပွားမှုများတာလည်း ပုသိမ်ခရိုင်ပါပဲ။ ဒုတိယအများဆုံးက ဖျာပုံခရိုင်ပါပဲ ” ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ် က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအား လိုင်စင်မဲ့အရက်ဆိုင်များနှင့် လိုင်စင်ရှိပြီး လိုင်စင်စည်းကမ်းနှင့် မညီညွတ် သော အရက်ဆိုင်များ၊လိုင်စင်စီများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ပေးပါစေနိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသို့တိတိကျကျ ညွန်ကြားပေးနိုင်ပါရန် တိုက်တွန်းကြောင်းအဆိုအား ညောင်တုန်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်နီနီမိုးက ဒီဇင်ဘာလ ၂၇ ရက် နမဝအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly