မြန်မာနယ်စပ်တစ်လျှောက် သံဆူးကြိုးကာ ခြံစည်းရိုး ခတ်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် ပြော

မြန်မာနယ်စပ်တစ်လျှောက် သံဆူးကြိုးကာ ခြံစည်းရိုး ခတ်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် ပြော
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ဖေဖော်ဝါရီ ၅ ။                    ။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက် သံဆူးကြိုး ခြံစည်းရိုး ကာရံသွားမည်ဖြစ်ပြီး မြို့ပတ်လမ်းလည်း တည်ဆောက်သွားဖို့ ရှိနေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပြောပါတယ်။

နှစ်နိုင်ငံအကြား နယ်စပ်တစ်လျှောက် တရားမဝင် ဖြတ်ကျော် ခိုးဝင်မှု၊ မူးယစ်ဆေး တရားမဝင် ကုန်ကူးမှုနဲ့ အခြား အမှုအခင်းတွေကို ကာကွယ်သွားနိုင်အောင် ယခုလို စီမံကိန်း ဖော်ဆောင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

Shahpori ကျွန်းကနေစပြီး နှစ်ဘက်နယ်စပ်တစ်လျှောက် သံဆူးကြိုး ခြံစည်းရိုးခတ်ဖို့၊ အရှည် ၂၇၁ ကီလိုမီတာရှိ မြို့ပတ်လမ်း တည်ဆောက်ဖို့ အစီအစဉ်တစ်ရပ်ကို အစိုးရအနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဖော်ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။

" Shahpori  ကျွန်းကနေ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တစ်လျှောက် သံဆူးကြိုး အကာအရံတွေ တပ်ဆင်မှာဖြစ်ပြီး ၂၇၁ ကီလိုမီတာရှည်တဲ့ မြို့ပတ်လမ်းတစ်ခု တည်ဆောက်သွားမှာ ဖြစ်ပါတယ်" ဆိုပြီး ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပါလီမန်မှာ ပြောသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly