ပရီးမီးယားလိဂ် ဂိုး ၁၀၀ ဒုတိယအမြန်ဆုံးပြည့်သည့်တိုက်စစ်မှူး ကိန်းဖြစ်လာ

ပရီးမီးယားလိဂ် ဂိုး ၁၀၀ ဒုတိယအမြန်ဆုံးပြည့်သည့်တိုက်စစ်မှူး ကိန်းဖြစ်လာ

 

ဖေဖော်ဝါရီ ၅၊ လန်ဒန်။              ။ စပါးတိုက်စစ်မှူး ဟာရီကိန်းသည် ပရီးမီးယားလိဂ်တွင် ဂိုး ၁၀၀ ကို ဒုတိယအမြန်ဆုံးရရှိအောင် သွင်းယူနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်။

စပါးတိုက်စစ်မှူးအနေဖြင့် ၎င်း၏ပရီးမီးယားလိဂ်ရာပြည့်ဂိုးကို လီဗာပူးလ်နှင့် နှစ်ဂိုးစီသရေကျသည့်ပွဲတွင် နောက်ကျပင်နယ်တီဂိုး ဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်တိုက်စစ်မှူးကိန်းသည် ပရီးမီးယားလိဂ်ပွဲ ၁၄၁ ပွဲကစားပြီး ဂိုး ၁၀၀ ပြည့်ခဲ့ခြင်းဖြစ်ကာ အလန်ရှီးယားက အမြန်ဆုံးအဖြစ် ၁၂၄ ပွဲကစားပြီး ဂိုး ၁၀၀ ပြည့်ခဲ့သူဖြစ်သည်။

ကိန်းသည် ဂိုး ၁၀၀ ကို ညာခြေဖြင့် ဂိုး ၆၀၊ ဘယ်ခြေဖြင့် ၂၆ ဂိုး၊ ခေါင်းတိုက်ပြီး ၁၄ ဂိုးသွင်းယူခဲ့သည်။ ကိန်း၏နောက်တွင် အဂွဲရိုး (၁၄၇ ပွဲ)၊ အွန်နရီ (ပွဲ ၁၆၀)နှင့် အီရန်ရိုက် (၁၇၂ ပွဲ) တို့ အစဉ်လိုက်ရပ်တည်နေကြသည်။

အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးကို ဂိုး ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် Nike က အထူးထုတ် ဘောလုံးကန်ဖိနပ် လက်ဆောင်ပေးခဲ့ပြီး လာမည့်ပွဲများတွင် ဝတ်ဆင်မည်ဖြစ်သည်။

Ref; The Sun

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly