နွေရာသီတွင် တိုက်စစ်မှူးသစ်မဝယ်ဟု မော်ရင်ဟိုပြော

နွေရာသီတွင် တိုက်စစ်မှူးသစ်မဝယ်ဟု မော်ရင်ဟိုပြော

 

ဖေဖော်ဝါရီ ၅၊ မန်ချက်စတာ။                    ။ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်မှဆန်းချက်ဇ်ကိုခေါ်ယူနိုင်ခဲ့ပြီးနောက် နွေရာသီတွင်တိုက်စစ်မှူသစ် ထပ်ဝယ်မည်မဟုတ်ဟု မန်ယူနိုက်တက်နည်းပြမော်ရင်ဟိုကပြောသည်။

ဆန်းချက်ဇ်သည် မန်ယူနိုက်တက်အတွက် ၎င်း၏ပထမဆုံးဂိုးကို စနေနေ့ကဟက်ဒါဖီးအားအနိုင်ရသည့်ပွဲတွင် ပင်နယ်တီမှ တဆင့် သွင်းယူနိုင်ခဲ့သည်။

အစောပိုင်းက နေမာ၊ ဂရစ်ဇ်မန်း၊ စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်တို့နှင့်သတင်းများထွက်နေသော်လည်း ဆန်းချက်ဇ်၏ အတွေ့အကြုံနှင့် ရက်ရှ်ဖို့ဒ်၊ မာစီရယ်တို့နှင့်ပေါင်းစပ်လိုက်ပါက   နောက်ထပ် တိုက်စစ်မှူးသစ်မလိုဟု မော်ရင်ဟိုကဆိုသည်။

ဟက်ဒါဖီးနှင့်ပွဲတွင် ဆန်းချက်ဇ်ကို အစောပိုင်း၌ ဘယ်ခြမ်းတိုက်စစ်၊ နောက်ပိုင်း၌ အထောင်တိုက်စစ်အဖြစ်ထားကစားခဲ့သည့် မော်ရင်ဟိုက တိုက်စစ်မှူးများကိုတစ်နေရာထက်ပိုကစားစေခြင်းက မန်ယူနိုက်တက်၏ အဓိကအားသာချက်တစ်ခုဟု ဆိုသည်။

“ကျွန်တော်တို့မှာ ဆန်းချက်ဇ်၊ လူကာကူ၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့ရှိနေတယ်။ ရက်ရှ်ဖို့ဒ်က ဘယ်ခြမ်းမှာရော ညာခြမ်းမှာပါကစား နိုင်တယ်။ ဆန်းချက်ဇ်လည်းအတူတူပဲ။ လူကာကူက   နောက်ချန်တိုက်စစ်အဖြစ် ကစားနိုင်သလို သူတို့အားလုံးလည်း ကစားနိုင် ကြတယ်”ဟု မော်ရင်ဟိုက ပြောသည်။

ယင်းကြောင့် ရာသီကုန်တွင် တိုက်စစ်မှူးသစ်ထပ်ဝယ်စရာမလိုခြင်းဖြစ်သည်ဟု မော်ရင်ဟိုက ဆိုသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly