ရခိုင်မှာ လူထုတွေ့ဆုံပွဲကျင်းပနိုင်ဖို့ မြို့နယ်အလိုက် ကိုယ်စားလှယ်တွေ ရွေးချယ်ပွဲပြုလုပ်

ရခိုင်မှာ လူထုတွေ့ဆုံပွဲကျင်းပနိုင်ဖို့ မြို့နယ်အလိုက် ကိုယ်စားလှယ်တွေ ရွေးချယ်ပွဲပြုလုပ်

စစ်တွေ၊ ဖေဖော်ဝါရီ ၃ ရက်။         ။ တတိယအကြိမ်မြောက်ကျင်းပမဲ့ ၂၁ ရာစုပင်လုံညီလာခံမကျင်းပမှီ ရခိုင်ပြည်နယ် အတွင်းက ခရိုင်အလိုက် ပြည်သူများနှင့်တွေ့ဆုံကာ   ဆွေးနွေးပွဲတွေ   ပြုလုပ်နိုင်ဖို့အတွက် စစ်တွေမြို့နယ် ကိုယ်စားလှယ်ရွေးချယ်ပွဲ ကို ဒီကနေ့ ဖေဖော် ဝါရီ ၃ ရက်နေ့ က စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။

၂၁ရာစုပင်လုံညီလာခံမှာ ရခိုင်ပြည်နယ်အတွင်းက ကျေးလက်ရော မြို့ပြမှာပါနေထိုင်တဲ့ အောက်ခြေလူထုအသံ တွေပါဝင်နိုင်ဖို့ လက်နက်ကိုင်ပြီးအဖြေရှာတာထက် ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်ပြီး အဖြေရှာမှုက ပိုပြီးလွယ်ကူနိုင်တယ်လို့ ယူဆတဲ့အတွက် လူထုနဲ့ခရိုင်အလိုက်တွေ့ဆုံသွားမယ်လို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲ ကော်မတီဝင် ဦးခိုင်ကောင်းစံ RiA ကို ပြောပါတယ်။

စစ်တွေခရိုင် ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး စစ်တွေမြို့နယ်က ကိုယ်စားလှယ် ၆၀ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က ကိုယ်စားလှယ် ၂၀ ဦးနဲ့ ပေါက်တောမြို့နယ်က ကိုယ်စားလှယ်၂၀ ဦးတို့ပါဝင်မယ်လို့လည်း သိရပါတယ်။

ကိုယ်စားလှယ်တွေရွေးချယ်ရာမှာ အမျိုးသမီး၊ လူငယ်၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်း၊ ကျေးလက်နဲ့ မြို့နယ်က ကိုယ်စားလှယ်တွေပါဝင်ကာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်အရေးဆိုတဲ့ ခေါင်းစဉ် ၄ ခု ကိုအခြေခံပြီးဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ခရိုင်အသီးသီးမှာ ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးပွဲတွေအပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝ တီတိုင်းဒေသကြီးမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့လည်း တွေ့ဆုံကာ   ဆွေးနွေးမယ်လို့ ဦးဆောင်သူတွေက ပြော ဆိုကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly