ကြမ်းတမ်းသည့် ဖျက်ထုတ်မှုများဖြင့် မန်စီးတီးကစားသမားများ အမဲဖျက်ခံနေရဟု စတာလင်းဆို

ကြမ်းတမ်းသည့် ဖျက်ထုတ်မှုများဖြင့် မန်စီးတီးကစားသမားများ အမဲဖျက်ခံနေရဟု စတာလင်းဆို

ဖေဖော်ဝါရီ ၃၊ မန်ချက်စတာ။           ။ မန်စီးတီးအသင်းဖော်များသည် ကြမ်းတမ်းဆိုးရွားသည့် ဘောလုံးဖျက်ထုတ်မှုများကို အမဲဖျက်ခံရသလိုကြုံတွေ့နေရသည်ဟု စတာလင်းက ပြောဆိုလိုက်သည်။

ကစားသမားများအနေဖြင့် ဒိုင်လူကြီးများ၏အကာအကွယ်ကိုပိုမိုလိုအပ်သည်ဟု ဂွာဒီယိုလာကပြောဆိုခဲ့ပြီးနောက်တွင် စတာလင်းကလည်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ဝက်စ်ဘရွန်းကို ၃-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် ဒီဘရိုင်းအပေါ် ဘရာဟင်ဒီယက်ဇ်၏ဖျက်ထုတ်ပုံမှာ ဂွာဒီယိုလာ၏စကားကို သက်သေထူသကဲ့သို့ဖြစ်နေသည်။

စတာလင်းက “တချို့ဘောလုံးလုတာတွေက တော်တော်ဆိုးဆိုးပါ။ ဒါမျိုးတွေကို အဆင်မြင့်တန်းဘောလုံးလိဂ်မှာ ထင်တောင် မထင်ထားမိဘူး။ အသင်းကရှုံးပြီဆိုတာနဲ့ လူချတော့တာပဲ။

သူတို့ထဲကတချို့က လက်ရွေးစင်အဆင့်ကစားသမားတွေမဟုတ်လောက်ပါဘူး။ ဒါပေမဲ့ အန္တရာယ်ဖြစ်လောက်အောင် ဘောလုံးဖျက်တာမျိုးတွေဆိုရင် ဒိုင်လူကြီးနဲ့ တာဝန်ရှိသူတွေက ပပျောက်အောင်လုပ်သင့်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ တချို့ကစားသမားတွေဟာ အမဲဖျက်သလို ဘောလုံးဖျက်ထုတ်ခံနေရလို့ပါ။ အဲဒါတွေကို မြင်တွေ့နေ ရတာ စိတ်မချမ်းသာစရာပါ”ဟု ပြောသည်။

ယင်းကဲ့သို့ ဖျက်ထုတ်ခံနေရမှုများကြောင့် မန်စီးတီးကစားသမားတစ်ဦးဦး ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲနှင့်လွဲသွားမည်ကိုလည်း အသက် ၂၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားက စိုးရိမ်နေသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly