အသင်းတွင် စာချုပ်သက်တမ်းရှိသရွေ့ ဆက်ရှိချင်သည်ဟု ကွန်တီပြော

အသင်းတွင် စာချုပ်သက်တမ်းရှိသရွေ့ ဆက်ရှိချင်သည်ဟု ကွန်တီပြော

 

ဖေဖော်ဝါရီ ၃၊ လန်ဒန်။              ။ ချယ်လ်ဆီးအသင်းတွင် အနည်းဆုံး ၁၈ လကျန်သေးသည့်စာချုပ်ကုန်သည်အထိ နည်းပြအဖြစ်ဆက်လက်လုပ်ကိုင်လိုသည်ဟု ကွန်တီကပြောသည်။

အီတလီလူမျိုးနည်းပြကွန်တီသည် ၂၀၁၆ နွေကတည်းက စတမ်းဖို့ဒ်ဘရစ်ချ်သို့ရောက်နေပြီး ပထမဆုံးရာသီမှာပင် ပရီးမီးယားလိဂ်ဖလားရယူပေးထားသည်။

လက်ရှိတွင် အမှတ်ပေးဇယားထိပ်မှ မန်စီးတီးနှင့် ၁၈ မှတ်အကွာ အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။ အသင်းပိုင်ရှင်နှင့် မပြေမလည်ဖြစ်နေသည့်သတင်းများကို သောကြာနေ့တွင် ကွန်တီကထပ်မံငြင်းဆန်ခဲ့ပြီး အသင်းတွင်ပျော်နေသည်ဟု ဆိုသည်။

“ရာသီအစကတည်းက ကျွန်တော်နဲ့ပတ်သက်ပြီး ကောလာဟလတွေအများကြီးထွက်နေတာပါ။ အသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လကျန်သေးတာတစ်ခုပဲ ကျွန်တော်ပြန်ပြောနိုင်ပါတယ်။ ကျွန်တော့်ဆန္ဒကတော့ စာချုပ်ကိုလေးစားဖို့ပါ။

ကျွန်တော်တို့ သုံးနှစ် စာချုပ်ထားတာပါ။ ကျွန်တော်တို့ဆန္ဒကလည်း အလုပ်ဆက်လုပ်ဖို့ပါ။ ဖိအားတွေနဲ့အခြေအနေကတော့ အမြဲတမ်းဒီအတိုင်းပါပဲ။ ဘာကြောင့်ကျွန်တော့်မှာပဲလာဖြစ်နေရတာလဲဆိုတာကိုတော့ နားမလည်နိုင်ပါဘူး။

ချယ်လ်ဆီးမို့လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကျွန်တော်ပေးနိုင်တဲ့တစ်ခုတည်းသောအဖြေပါပဲ။ ဒါပေမဲ့ ဖိအားတွေကတော့ ပုံမှန်ပါပဲ။ အခြေအနေကသိပ်အေးဆေးနေရင် ပေါ့ပေါ့ပါးပါးဖြစ်နေမှာပေါ့။ ဖိအားတွေနဲ့ရပ်တည်ရတာကိုပဲကြိုက်ပါတယ်”ဟု ကွန်တီက ပြောသည်။

ဗုဒ္ဓဟူးနေ့က ဘုန်းမောက်ကိုအိမ်ကွင်းတွင် ၃-၀ ဂိုးဖြင့်ရှုံးခဲ့သည့် ချယ်လ်ဆီးအသင်းသည် တနင်္လာနေ့တွင် အဝေးကွင်း၌ ဝက်ဖို့ဒ်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

Ref; BBC

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly