ကားမှားစီးမိ၍ ပြန်ပေးဆွဲခံရမည်ကို နယူးကာဆယ် ကစားသမား သစ်အမ်ဘန်ဘာကြောက်ရွံ့ခဲ့

ကားမှားစီးမိ၍ ပြန်ပေးဆွဲခံရမည်ကို နယူးကာဆယ် ကစားသမား သစ်အမ်ဘန်ဘာကြောက်ရွံ့ခဲ့

သြဂုတ် ၂၄၊ နယူးကာဆယ် ။          ။ နယူးကာဆယ်ကစားသမားသစ် အမ်ဘန်ဘာသည် နေထိုင်ရာဟိုတယ်မှ အငှားကားမှားယွင်းပြီးငှားစီးမိခဲ့ရာ ပြန်ပေးဆွဲခံရမည်ကိုကြောက်ရွံ့ ခဲ့ရသည်။

ပေါင် ၈ ဒသမ ၅ သန်းဖြင့်ပြောင်းရွှေ့လာသည့် အင်္ဂလိပ်စကားမပြောတတ်သော အမ်ဘန်ဘာသည် ပွဲဦးထွက်ကစားရမည့်နေ့တွင် စိတ်လှုပ် ရှားထိတ်လန့်စရာအဖြစ်အပျက်နှင့် ကြုံလိုက်ရခြင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ် ဒီအာကွန်ဂိုလက်ရွေးစင်ကစားသမားသည် တည်းခိုရာ ဟီလ်တန်ဟိုတယ်ရှေ့တွင် အသင့်စောင်းဆိုင်းနေသည့် တက္ကဆီကို နယူးကာဆယ်အသင်းမှ ၎င်းအတွက်ငှားပေးထား သည်ဟု ထင်မှတ်ကာ စိန့်ဂျိမ်းပါ့ခ်ကွင်းသို့သွားမည်အထင်ဖြင့် စီးနင်းမိခဲ့သည်။

ယင်းအငှားကားမှာ နယူးကာဆယ်မြို့ရှိ စူပါမားကတ်သို့သွားရန် ငှားရမ်းခံထားရသည့် ကားဖြစ်သည်။ ယင်းကိုကားသမားကရှင်းပြရန်ကြိုးပမ်း ခဲ့သော်လည်း အမ်ဘန်ဘာသည် အင်္ဂလိပ်စကား မတတ်သောကြောင့် နားမလည်ခဲ့ပေ။

ကားသမားမှာ မူလဦးတည်ထားသည့်နေရာသို့မောင်းနှင်ပြီး ကားရပ်ရန်ပြင်ဆင်စဉ်တွင် အမ်ဘန်ဘာမှာစတင်ထိတ်လန့်သွားခဲ့သည်။ ပို၍ အထင်မှားစရာဖြစ်ခဲ့သည်မှာ အမ်ဘန်ဘာသည် ပွဲတက်ဝတ်စုံ အနက်ရောင်ကိုအကျအနဝတ်ဆင်ထားခြင်းဖြစ်သည်။

အသင်းတာဝန်ရှိသူများထံ ၎င်းကဆက်သွယ်ခဲ့သော်လည်း နောက်ဆုံးတွင် စကားပြန်ငှားရမ်းလိုက်မှ အဆင်ပြေခဲ့ပြီး တက္ကဆီမှားယွင်းစီးနင်း မိကြောင်းသိခဲ့ရသည်။

ကစားသမားဖြစ်သူမှာ အသင်းသို့အရောက်နောက်ကျလျှင် ကြီးမားသည့်ဒဏ်ငွေပြစ်ဒဏ်ချခံရမည်ကိုလည်း ကြောက်ရွံ့ခဲ့ရပြီး ကားသမားကို လည်း ရှင်းမပြနိုင်ဖြစ်ခဲ့ရသည်။

နောက်ဆုံးတွင် စကားပြန်ငှားပြီး ဖုန်းဖြင့် ကားသမားကိုရှင်းပြလိုက်မှ အဆင်ပြေသွားပြီး အသင်းသို့လည်း အချိန်မီရောက်ရှိနိုင်ခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly