Arthritis (အဆစ်ရောင်ရောဂါ) ကဘာလဲ

Arthritis (အဆစ်ရောင်ရောဂါ) ကဘာလဲ

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဆစ်ရောင်ရောဂါ ဆိုတာ အဆစ်အမြစ်များရောင်ရမ်းခြင်းဖြစ်ပြီး အဆစ်အများအပြားကို ထိခိုက်စေပါတယ်။ အဖြစ်အများဆုံး အဆစ်ရောင်ရောဂါ ၂မျိုးမှာ အရိုးနု၊ အရွတ်စသည် ယိုယွင်းပျက်စီးလာသော သက်ကြီးရွယ်အိုမှာ အဖြစ်ပိုများသည့် အဆစ်အမြစ်ရောင်ရောဂါ osteoarthritis နှင့် သွေးလေးဖက်နာရောဂါတို့ ဖြစ်တယ်။

Osteoarthritis (အရိုးအဆစ် အစိတ်အပိုင်းများ ယိုယွင်းပျက်စီးလာသော အဆစ်အမြစ်ရောင် ရောဂါ)

ဒီ အဆစ်ရောင်ရောဂါဟာ အဆစ်၂ခုကြား မှာရှိသည့် အရိုးနုရောင်ခြင်းဖြစ်ပြီး လှုပ်ရှားရခက်ခြင်းနှင့် နာကျင်ခြင်းတို့ကို ခံစားရစေပါတယ်။ ဆိုးရွားတဲ့ အခြေအနေမှာ အရိုးနုတွေမရှိဘဲ အရိုးအချင်းချင်း ပွတ်တိုက်မှုဖြစ်ပြီး အရိုးပုံပျက်မှုကို ဖြစ်စေပါတယ်။ ဒီအဆစ်ရောင်ရောဂါကို တွေ့ရများသည့် နေရာများမှာ လက်ဆစ်၊ ကျောရိုးဆစ်၊ ဒူူးဆစ်၊ ပေါင်ထိပ်ရှိ အဆစ်တွေဖြစ်ပါတယ်။ ဒီအဆစ်ရောင်ရောဂါဟာ သက်လတ်ပိုင်းအမျိုးသားတွေမှာ တွေ့ရများပြီး အထူးသဖြင့် အသက်၄၀ကျော်အမျိုးသားတွေမှာ တွေ့ရများပါတယ်။

သွေးလေးဖက်နာ

သွေးလေးဘက်နာကို အသက် ၄၀-၅၀ နှစ်ကြား အမျိုးသားတွေမှာ တွေ့ရများပါတယ်။ အရိုးရဲ့အပြင်လွှာဟာ ပထမဆုံးရောဂါစဖြစ်တဲ့ နေရာဖြစ်တယ်။ ထို့နောက် ရောင်ရမ်းခြင်းဟာ အရိုးတစ်ခုလုံးကို ပျံ့နှံ့သွားကြပါတယ်။ တကယ်လို့ လူတစ်ယောက်က သွေးလေးဖက်နာ အဆစ်ရောင်ရောဂါဖြစ်နေပြီဆိုရင် သူဟာအဆစ်တွေ ပုံစံပြောင်းခြင်းကို ခံစားရနိုင်ပါတယ်။ ဒါဟာ အရိုးများနှင့် အရိုးနုများကို ကျိုးပဲ့စေနိုင်တယ်။ ရောဂါပြင်းထန်လာလျှင် တခြားတစ်ရှူးများနှင့် အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပါတယ်။

Arthritis (အဆစ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အဆစ်ရောင်ရောဂါဟာ အတော်လေးအဖြစ်များပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ရောဂါပိုဖြစ်ကြတယ်။ ဒါ့အပြင် အဆစ်ရောင်ရောဂါက အသက်အရွယ်မရွေးဖြစ်တတ်ပြီး ကလေးတွေမှာတောင် ဖြစ်တတ်ပါတယ်။ ကလေးအဆစ်ယောင်ရောဂါအများစုမှာ Juvenile idiopathic arthritis (အကြောင်းမဲ့ ကလေး အဆစ်ရောင်ရောဂါ) လို့ခေါ်ကြတယ်။ သို့သော် ရောဂါဖြစ်စေတဲ့အချက်တွေကို လျှော့ချခြင်းဖြင့် အဆစ်ရောင်ရောဂါကို ကာကွယ်နိုင်ပါတယ်။ သိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Arthritis (အဆစ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဆစ်ရောင်ရောဂါရဲ့ တွေ့ရများသည့် လက္ခဏာများမှာ

  •     အဆစ်နာခြင်း၊ လှုပ်ရှားရာတွင် နာကျင်ခြင်း
  •     အဆစ်များဖောင်းခြင်းနှင့် တောင့်တင်းနေခြင်း
  •     အဆစ်နှင့် ဘေးဘက်တဝိုက်တွင် ရောင်ရမ်းခြင်း
  •     အဆစ်များလှုပ်ရှားရာတွင် ခက်ခြင်း
  •     အဆစ်နားရှိ အရေပြားရောင်ခြင်း

အထက်တွင်မပါရှိသော အချက်များလည်း ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာအကြောင်း ထပ်မံသိရှိလိုပါက ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများခံစားရလျှင် သို့မဟုတ် သိလိုသည်များရှိလျှင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။ လူတစ်ယောက်နှင့် တစ်ယောက် တုံ့ပြန်မှုမတူညီတတ်ကြပါ။ သင့်အတွက် သင့်လျော်သောအဖြေရရှိရန် ဆရာဝန်နှင့် ဆွေးနွေးခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။

အကြောင်းရင်းများ

Arthritis (အဆစ်ရောင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အရွတ်များရောင်ရမ်းသောအခါ အဆစ်ရောင်ရောဂါဖြစ်စေပြီး ဆိုးရွားစေနိုင်ပါတယ်။ အရိုးနုဆိုသည်မှာ တွယ်ဆက်တစ်ရှူးတစ်မျိုး ဖြစ်ပြီး သင်လှုပ်ရှားသောအခါ အရိုးအချင်းချင်းပွတ်တိုက်မှု မဖြစ်စေအောင်ပြုလုပ်ပေးပါတယ်။ ရောဂါဖြစ်စေတဲ့အကြောင်းပေါ်မူတည်ပြီး အဆစ်ရောင်ရောဂါတွေက အမျိုးအစား ကွဲပြားကြပါတယ်။

အရိုးအဆစ်ရောင်ရောဂါသည် သင့်အရိုးပေါ်ကို အုပ်ထားတဲ့ မာကြောပြီး ချပ်ပြားပုံစံအရိုးနုတွေကို စုတ်ပြဲစေပါတယ်။ ထိုပျက်ဆီးခြင်းကြောင့် အရိုးအချင်းချင်းတိုက်ရိုက်ပွတ်တိုက်မိပြီး အဆစ်များနာခြင်းနှင့် လှုပ်ရှားမှုခက်ခဲခြင်းတို့ကို ဖြစ်စေနိုင်တယ်။ ဒီအရိုးနုစုတ်ပြဲခြင်းဟာ နှစ်အတန်ကြာသည်အထိ ဖြစ်နေနိုင်ပြီး အဆစ်ကို ဒဏ်ရာရခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

သွေးလေးဖက်နာရောဂါတွင် ကိုယ်တွင်းရှိကိုယ်ခံအားစနစ်သည် အဆစ်များအပေါ်တွင်ဖုံးအုပ်ထားသော အမြှေးပါးကို တိုက်ခိုက်ပါတယ်။ Synovial membrane လို့ခေါ်တဲ့ ထိုအမြှေးပါးက တိုက်ခိုက်ခံရမှုကြောင့် ရောင်ပြီးဖောင်းလာတတ်တယ်။ ဒီဖြစ်စဉ်ကြောင့် အဆစ်အတွင်းရှိ အရိုးနုများနှင့် အရိုးများကို ပျက်ဆီးစေနိုင်ပါတယ်။

Risk factors

ငါ့ဆီမှာ Arthritis (အဆစ်ရောင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အဆစ်ရောင်ရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ သင်ဟာ ပြင်းထန်သောလှုပ်ရှားမှု တစ်ခုခုကြောင့် အဆစ်တွင် ဒဏ်ရာရဖူးပါက သက်လတ်ပိုင်းအရွယ်ရောက်သောအခါ အဆစ်ရောင်ရောဂါကို ခံစားရနိုင်ပါတယ်။ အဝလွန်နေတဲ့ လူတွေမှာ ကြွက်သား၊ အဆီနှင့်အရည်ပမာဏအများအပြားကို သယ်ဆောင်ထားရသောကြောင့် သင့်အဆစ်တွေပေါ် ဖိအားသက်ရောက်မှုုဖြစ်စေပြီး အဆစ်ရောင်ရောဂါ ရစေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Arthritis (အဆစ်ရောင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရှာဖွေစဉ်တွင် ဆရာဝန်မှ ရောင်နေတဲ့အဆစ်နားရှိ အရည်များကို အောက်တွင်ဖော်ပြထားသည့် နည်းများနှင့် စမ်းသပ်ပါလိမ့်မည်။

အနိမ့်စား ဓါတ်ရောင်ခြည်ကို သုံးပြီး အရိုးကိုကြည့်နိုင်ပါတယ်။ X ray ဓါတ်မှန်တွင် အရိုးနုပျက်ဆီးမှု၊ အရိုးပျက်ဆီးမှုနှင့် အရိုးအစလေးများကို မြင်နိုင်ပါတယ်။ ဒါပေမယ့် ဓါတ်မှန်တွင် အဆစ်ရောင်ရောဂါရဲ့ အစောပိုင်းအခြေအနေတွေကို မမြင်နိုင်ပါ။ ဓါတ်မှန်ကို ရောဂါရဲ့တိုးတက်မှုကို ကြည့်ရန် သုံးနိုင်ပါတယ်။

ခန္ဓာကိုယ်တွင်းကို အသေးစိတ်ရိုက်သည့် ကွန်ပျူတာဓါတ်မှန် (CT) သည် အတွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေကို ရှုထောင့်ပေါင်းစုံမှ အပိုင်းပိုင်းဖြတ်ပြီးရိုက်ပေးကာ တိကျသောအဖြေတွေကို ထုတ်ပေးပါတယ်။ CT scan သည် အရိုးနှင့် ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးတွေကိုပါ မြင်ရစေနိုင်ပါတယ်။

သံလိုက် ဓါတ်မှန် ( MRI) သည် ဓါတ်ရောင်ခြည်နှင့် အားကောင်းသော သံလိုက်လှိုင်း၂ခုကို ပေါင်းစပ်ထားပြီး ကိုယ်တွင်းရှိ တစ်ရှူးပျော့များဖြစ်သည့် အရိုးနု၊ အရွတ်များနှင့် တွယ်ဆက်အရွတ်များတို့ကို အသေးစိတ်ဖော်ပြနိုင်ပါတယ်။

သင့်သွေးနှင့် အဆစ်ထဲရှိအရည်များရဲ့ ရောင်ရမ်းခြင်းပမာဏကို စစ်ဆေးပြီး ဆရာဝန်မှ သင့်တွင် မည်သည့်အဆစ်ရောင်ရောဂါ ဖြစ်နေတယ်ဆိုတာကို ကောက်ချက်ချနိုင်ပါတယ်။
Arthritis (အဆစ်ရောင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

အဆစ်ရောင်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ သင်ခံစားနေရတဲ့ မသက်မသာဖြစ်စေတဲ့ အကြောင်းတွေကို လျှော့ချပေးနိုင်တဲ့ နည်းတွေလည်းရှိပါတယ်။

အရိုးအဆစ်ရောင်ရောဂါအတွက် ဆေးများကို သောက်သုံးနိုင်ပါတယ်။

  •     အကိုက်အခဲပျောက်ဆေး ။ ဒီဆေးတွေက သင့်ရဲ့နာကျင်မှုကို သက်သာစေပေမယ့် ရောင်ယမ်းမှုကို မသက်သာစေပါ
  •     စတီးရွိုက်မဟုတ်သော အရောင်ကျဆေး (ဥပမာ -ibuprofen)
  •     စတီးရွိုက်ဆေးများ
  •     ပြင်းထန်သော အခြေအနေတွင် ဆရာဝန်မှ သင့်အားခွဲစိတ်မှုခံယူရန် အကြံပေးပါလိမ့်မယ်။
  •     အဆစ်အစားထိုးခြင်း ၊ သင့်အဆစ်အား အဆစ်အတုတစ်ခုနှင့် အစားထိုးခြင်း
  •     အဆစ်များကို ပေါင်းစပ်စေခြင်း ၊ သင့်အရိုးစွန်း၂ဖက်ကို တစ်ခုတည်းဖြစ်စေရန် ပေါင်းစပ်ခြင်း
  •     အရိုးကို ဖြတ်ပြီး ပုံစံပြန်ချခြင်း

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly