ပွဲကျပ်များနှင့် ကွန်တီရင်ဆိုင်ရရန်ရှိနေချိန်၌ ချယ်လ်ဆီးနည်းပြရာထူးအတွက် အန်းနရစ်သတင်းထွက်

ပွဲကျပ်များနှင့် ကွန်တီရင်ဆိုင်ရရန်ရှိနေချိန်၌ ချယ်လ်ဆီးနည်းပြရာထူးအတွက် အန်းနရစ်သတင်းထွက်

 

ဖေဖော်ဝါရီ ၂၊ လန်ဒန်။            ။ နည်းပြကွန်တီ၏အနာဂါတ်မှာ လာမည့် ၆ ပတ်အတွင်း ရင်ဆိုင်ရမည့် ပွဲကြီး ၄ ပွဲအပေါ်မူတည်နေဖွယ်ရှိပြီး ယင်းပွဲများတွင် ဘာစီလိုနာနှင့်ကစားရမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲလည်းပါဝင်သည်။

ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အန်းနရစ်မှာ အသင်းဟောင်းဘာစီလိုနာနှင့် ဖေဖော်ဝါရီ ၂၀ တွင်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် ပထမအကျော့ပွဲမတိုင်မီမှာပင် ချယ်လ်ဆီးနည်းပြဖြစ်လာနိုင်သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ချယ်လ်ဆီးအသင်းမှာ ဖလားသုံးလုံးလမ်းကြောင်းပေါ်တွင်ရှိနေဆဲဖြစ်ပြီး အသင်းကလည်း ၎င်းတို့၏နည်းပြကွန်တီကို ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ထောက်ခံထားသည်။

သို့သော် မကြာသေးမီက အသင်း၏ရလဒ်ဆိုးများ၊ အထူးသဖြင့် အိမ်ကွင်းတွင် ဘုန်းမောက်ကို ၃-၀ ဂိုးဖြင့်ရှုံးပြီးနောက် ဘုတ်အဖွ့ဲ၏ဒေါသကြီးထွားလာပြီး ကွန်တီကလည်း အသင်း၏ပေါ်လစီကို ဝေဖန်မှုများပြုလုပ်ခဲ့သည်။

လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးနှင့် ၁၈ မှတ်အကွာ အဆင့် ၄ နေရာရောက်နေပြီး ဘာစီလိုနာကို အိမ်ကွင်း၌လက်ခံကစားပြီးနောက် မန်ချက်စတာမြို့ခံနှစ်သင်းကို အဝေးကွင်းတွင် ရင်ဆိုင် ရမည်ဖြစ်သည်။

ကွန်တီရင်ဆိုင်ရမည့် ပွဲကျပ်များ

ရက်စွဲ                      ပြိုင်ပွဲ             ပြိုင်ဘက်

ဖေဖော်ဝါရီ ၂၀            ချန်ပီယံလိဂ်     ဘာစီလိုနာ (အိမ်)

ဖေဖော်ဝါရီ ၂၅            ပရီးမီးယားလိဂ်  မန်ယူနိုက်တက် (အဝေး)

မတ် ၄                     ပရီးမီးယားလိဂ်  မန်စီးတီး (အဝေး)

မတ် ၁၄                             ချန်ပီယံလိဂ်     ဘာစီလိုနာ (အဝေး)

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly