အယ်ဆာဗာဒိုအကျဉ်းထောင်တွင် ထောင်တွင်း ဂိုဏ်းနှစ်ဂိုဏ်းတိုက်ပွဲဖြစ်၍ ၁၄ ဦးသေဆုံး

အယ်ဆာဗာဒိုအကျဉ်းထောင်တွင် ထောင်တွင်း ဂိုဏ်းနှစ်ဂိုဏ်းတိုက်ပွဲဖြစ်၍ ၁၄ ဦးသေဆုံး

အယ်ဆာဗာဒိုနိုင်ငံတွင် အကျဉ်းထောင်တစ်ခုအတွင်း လူဆိုးဂိုဏ်းနှစ်ဂိုဏ်း ခိုက်ရန်ဖြစ်တိုက်ခိုက်ကြရာမှ ဆူပူအကြမ်းဖက်ဖြစ်ပွားပြီး လူ ၁၄ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆန်ဆယ်ဗာဒိုမြို့တော်ရှိ Quezaltepeque အကျဉ်းထောင်တွင် အဆိုပါ ထောင်တွင်း ဂိုဏ်းဖွဲ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဂိုဏ်းဖွဲ့အကြမ်းဖက်မှုများကြောင့် ယခုကဲ့သို့ သတ်ဖြတ်မှုဖြစ်ပွားခြင်းများသည် အယ်ဆာဗာဒိုနိုင်ငံအား ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ်ကို မီးမောင်းထိုးပြနေသည့် ဖြစ်ရပ် များဖြစ် သည်။

နိုင်ငံအတွင်း ပြီးခဲ့သည့် သုံးရက်အတွင်း ဖြစ်ပွားသည့် လူသတ်မှုပေါင်းမှာ ၁၂၅ မှုရှိနေကြောင်း သြဂတ် ၂၀ ရက်က ရဲက ထုတ်ပြန်ထားသည်။

ဇန်နဝါရီနှင့် ဇွန်လအကြားတွင် လူသတ်မှုပေါင်း ၃၃၃၂ မှုဖြစ်ပွားခဲ့ပြီး အစောပိုင်းနှစ်က ၂၁၉၁ မှုထက် မြင့်တက်လာခဲ့ကြောင်းကိုလည်း အစိုးရထုတ်ပြန်သည့် အချက်အလက်များတွင် ပြသလျက်ရှိသည်။

Ref: DAWN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly