မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မဲ့ အဆိုတော် မာရဇ္ဇ

မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မဲ့ အဆိုတော် မာရဇ္ဇ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။           ။ ဂီတသက်တမ်းတစ်လျောက် ပထမဆုံးအကြိမ်အဖြစ် မန္တလေးတွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်သွားမည် ဟု တေးရေး၊ တေးဆို မာရဇ္ဇကပြော ဆိုလိုက်သည်။

ယနေ့ ( ဖေဖော်ဝါရီ ၁ ရက် ) ရန်ကုန်မြို့ ရွှေဂုံတိုင်တွင်ရှိသည့် FRIENDSHIP  Restaurant တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"  ဒီပွဲကမန္တလေးမှာလုပ်မယ့်ပွဲပေါ့နော်။ ၂ လပိုင်း ၁၀ ရက်နေ့မှာ မန္တလေးမှာ တကိုယ်တော်ဖျော်ဖြေပွဲ ရှိပါတယ်။ အဲဒါကတော့ ကျွန်တော့်ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲ ၅ ပွဲမြောက်မှာ မန္တလေးမှာတော့ ဒါပထမဦးဆုံး ဖျော်ဖြေပွဲဖြစ်ပါတယ် " ဟု အဆိုတော် မာရဇ္ဇ ကပြောသည်။

ဂီတ သက်တမ်း နှစ် ၂၀ ကျော်လာပြီဖြစ်တဲ့ တေးသံရှင်မာရိဇ္ဇ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ထိုင်ခုံလက်မှတ် များမှာ VIP ထိုင်ခုံကို ၃၀၀၀၀၊ ရိုးရိုးထိုင်ခုံတန်းကို ၂၀၀၀၀ ကျပ်နှင့် ခုံမပါ  ကျပ် ၁၀၀၀၀ ဖြင့် ရောင်းချပေး မည်ဖြစ်သည်။

ထိုသို့ ထိုင်ခုံနှင့် ထိုင်ခုံ မပါ ခွဲခြားထားသော်လည်း မတ်တပ်ရပ် ပွဲကြည့်သူများအတွက် အဓိကထားဦးစားပေး ဖျော်ဖြေသွားမည်ဖြစ်ပြီး ထိုင်ခုံလက်မှတ်များ ထားရှိရခြင်းမှာ လူကြီးသူမများနှင့် မိသားစုများအတွက် ဟု အဆိုတော် မာရဇ္ဇကက ပြောသည်။

ဆွဲအား၊ အိပ်ရေးပျက် ၊ ရွှေရတီ အပါအဝင် ပရိသတ်အများအပြားရှိခဲ့တဲ့ တေးရေး၊ တေးဆို မာရဇ္ဇ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် လူကြိုက်များသော သီချင်းအပုဒ် ၃၀ ကျော်ခန့်ကို သီဆိုဖျော်ဖြေသွားမည်ဖြစ် ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly