သွေးဆုံးချိန်မှာ ခန္ဓာကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ

သွေးဆုံးချိန်မှာ ခန္ဓာကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အမျိုးသမီးတွေ မလွဲမသွေကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်တဲ့ သွေးဆုံးချိန်မှာ ခန္ဓာကိုယ်ကျန်းမာနေအောင်လုပ်ဆောင်ဖို့က အရေကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ရင်ဆိုင်နေရချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေထပ်မဖြစ်လာစေဖို့ အစားအသောက်လေးတွေစားရင်း သက်သာအောင်လုပ်လို့ရပါတယ်။

သွေးဆုံးချိန်မှာ သားဥအိမ်တွေက oestrogen  ထုတ်လွှတ်မှုကိုရပ်တန့်လိုက်ပါတယ်။ ဒီအနေအထားက ခန္ဓာကိုယ်မှာ မအီမသာဖြစ်စေတဲ့ လက္ခဏာတွေကိုဖြစ်ပေါ်လာစေတာပါ။   သွေးဆုံးချိန်မှာ ခန္ဓာကိုယ်မှာဖြစ်ပေါ်တဲ့ ဝေဒနာတွေက အမျိုးသမီးတွေအတွက်တော်တေ်ာလေးခံရခက်ပါတယ်။ oestrogen  ဟော်မုန်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးသလို အရိုးသိပ်သည်းဆကိုလည်း တိုးစေပါတယ်။ သွေးဆုံးချိန်မှာ ခန္ဓာကိုယ်မှာခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဖို့ ဘာတွေစားသောက်ပေးသင့်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးပါရစေ။
သွေးဆုံးချိန်မှာ ခန္ဓာကိုယ်ကျန်းမာစေမယ့် အစားအသောက်များ

အမျှင်ဓာတ်

သွေးဆုံးချိန်မှာ အမျှင်ဓာတ်များများစားသုံးပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေက ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်ပေးသလို၊ ကိုလက်စထရောနဲ့ သွေးတွင်းအချိုဓာတ်ကိုကျဆင်းစေတဲ့အပြင် သွေးဆုံးတာကြောင့် ခံစားရနိုင်တဲ့ဝေဒနာတွေကိုပါ သက်သာစေနိုင်ပါတယ်။

ကယ်လ်ဆီယမ်

အသက်ကြီးလာတာနဲ့အမျှ အရိုးတွေက အားနည်းလာပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာတော့ estrogen ထုတ်လုပ်မှု နည်းလာတာကြောင့် အရိုးပွရောဂါခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကိုကြံ့ခိုင်စေဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်။ သွေးဆုံးပြီးချိန်မှာ အရိုးပွရောဂါခံစားရတာ၊ အရိုးကျိုးလွယ်တာမျိုး မဖြစ်စေဖို့အတွက် နို့သောက်ပေးတာ၊ လိမ္မော်ရည်သောက်ပေးတာ၊ အယ်လ်မွန်စေ့ နဲ့ ဆယ်လ်မွန်ငါးစားပေးတာတွေလုပ်ပေးလို့ရပါတယ်။

ပဲပိစပ်

အမျိုးသမီးတွေအနေနဲ့ သွေးဆုံးချိန်မှာ ခံစားရတဲ့လက္ခဏာတွေသက်သာစေဖို့အတွက် ဟော်မုန်းတွေကို ညီမျှအောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ ပဲပိစပ်မှာပါတဲ့ phytoestrogens ကသွေဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

အဆီ

နေ့စဉ်စားသုံးတဲ့ အစားအစာတေါထဲမျာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေပါဖို့လိုအပ်ပါတယ်။ အသက်ဘယ်အရွယ်ပဲဖြစ်ဖြစ် ခန္ဓာကိုယ် ကျန်းမာအောင်လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီက ကိုယ်တါင်းက ဟော်မုန်းတွေကို ထိန်းညှိပေး ရမှာအထောက်အကူပေးပါတယ်။

ပဲနီလေး

phytoestrogen ကိုရရှိနိုင်တဲ့ အစားအစာတစ်ခုပါ။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဆုံးချိန်မှာ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဟော်မုန်းတွေကို တိုက်ဖျက်ပေးနိုင်အောင် ကူညီပေးတဲ့အပြင် သွေးတွင်း ကိုလက်စထရောပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။

အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ

ကိုက်လန်လိုမျိုး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေမှာ မဂ္ဂနီဆီယမ်နဲ့ဗီတာမင် C ပမာဏမြင့်မားစွာပါဝင်တာကြောင့် adrenal glands တွေကို အထောက်အပံ့ပေးပြီး oestrogen တွေထွက်ရှိအောင် လှုံ့ဆော်ပေးပြီး စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။

အခွံမာသီးနဲ့အစေ့အဆန်တွေ

ကယ်လ်ဆီယမ်နဲ့မဂ္ဂနီဆီယမ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အရိုးတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အယ်လ်မွန်စေ့မှာ thyroid hormone ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

ရေညှိ

ရေညှိမှာ အိုင်အိုဒင်းကြွယ်ဝစွာပါဝင်တာကြောင့် သွေးဆုံးချိန်မှာထုတ်လုပ်မှုလျော့ကျသွားတတ်တဲ့ သွိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။

အဆီများတဲ့ငါး

ဟော်မုန်းအချို့ထွက်ရှိစေဖို့နဲ့ omega 3 ရရှိစေနိုင်မယ့် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။

အုန်းဆီ

oestrogen ထုတ်လုပ်မှုအတွက် အရေးပါတဲ့ ပြည့်ဝအဆီတစ်မျိုးပါ။

ကြက်သွန်ဖြူ၊ကြက်သွန်နီ

အသည်းကျန်းမာစေဖို့အတွက် အထောက်အကူပြုပေးပါတယ်။

အခုလောက်ဆိုရင် ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မေမေတွေကို ဂရုစိုက်ပေးချင်ရင်ပဲဖြစ်ဖြစ် အသုံးတည့်မယ်ထင်ပါတယ်။ အမျိုးသမီးတိုင်း ကျန်းမာ ပျော်ရွှင်ကြပါစေကြောင်း။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly