လူးကပ်စ်မိုရာကို ပေါင် ၂၃ သန်းဖြင့် စပါးအသင်းခေါ်ယူ

လူးကပ်စ်မိုရာကို ပေါင် ၂၃ သန်းဖြင့် စပါးအသင်းခေါ်ယူ

ဖေဖော်ဝါရီ ၁၊ လန်ဒန်။            ။ စပါးအသင်းသည် ပီအက်စ်ဂျီတောင်ပံကစားသမား လူးကပ်စ်မိုရာကို ပေါင် ၂၃ သန်းဖြင့်ခေါ်ယူလိုက်သည်။ ၂၀၂၃ ခုနှစ်ထိ စာချုပ်ထားသည့် အသက် ၂၅ နှစ်အရွယ် ဘရာဇီးကစားသမားသည် ၂၀၁၃ တွင် ဆော်ပေါ်လိုမှ ပီအက်စ်ဂျီသို့ ပေါင် ၃၃ ဒသမ ၅ သန်းဖြင့်ပြောင်းခဲ့သော်လည်း လက်ရှိရာသီတွင်ပွဲထွက်ခွင့်ပျောက်နေပြီး ၆ ပွဲသာ လူစားဝင်ကစားခွင့်ရခဲ့သည်။

“ကျွန်တော့်ဘဝရဲ့ စာမျက်နှာသစ်၊ စိန်ခေါ်မှုအသစ်ပါပဲ။ အသင်းအတွက်အကောင်းဆုံးပေးဆပ်သွားမှာပါ။ ကျွန်တော်တို့အသင်း မှာ အရည်အချင်းကောင်းတွေရှိနေပြီး   အောင်မြင်မှုကြီးကြီးမားမား ရနိုင်မယ်လို့လည်း ထင်ပါတယ်။

ဘာကြောင့် ချန်ပီယံလိဂ်ချန်ပီယံမဖြစ်နိုင်ရမှာလဲ။ ကျွန်တော်သိပ်ပျော်ပါတယ်။ ဒီလိုထိပ်တန်းအသင်းကြီးမှာ ခြေစွမ်းပြနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု မိုရာကပြောသည်။

ပြင်သစ်ကလပ်အတွက် ၂၂၉ ပွဲကစား၊ ၄၆ ဂိုးသွင်းပြီး ဂိုး ၅၀ ဖန်တီးပေးခဲ့သည့် လူးကပ်စ်သည် စပါးအသင်းတွင် ကျောနံပါတ် ၂၇ ဝတ်ဆင်မည်ဖြစ်သည်။

လူးကပ်စ်မိုရာအနေဖြင့် လက်ရှိရာသီတွင် ပီအက်စ်ဂျီအသင်း၌ ချန်ပီယံလိဂ်ပွဲတစ်ပွဲမှကစားခွင့်မရခဲ့သဖြင့် စပါးအသင်းနှင့်အတူ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် ပါဝင်ကစားနိုင်မည်ဖြစ်သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly