ဖေဖော်ဝါရီ ၁၊ လန်ဒန်။ ။ ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးရက်တွင် အာဆင်နယ်မှ ပေါင် ၁၈ သန်းဖြင့် ရောက်လာပြီးနောက် ချယ်လ်ဆီးသို့ ပြောင်းခွင့်ရ သည့်အတွက် ဂုဏ်ယူမိကြောင်း တိုက်စစ်မှူးဂျရူးဒ်က ပြောသည်။
အာဆင်နယ်အသင်းသည် ဒေါ့မွန်မှအူဘာမီယန်းကို ပေါင် ၅၆ သန်းဖြင့်ခေါ်ယူပြီးနောက် ဂျရူးဒ်ကို လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းထံ ရောင်းချလိုက်ခြင်းဖြစ်သည်။ ဒေါ့မွန်အသင်းက ချယ်လ်ဆီးမှ ဘက်ချူအာယီကို အငှားဖြင့်ပြန်ခေါ်ခဲ့သည်။
ဂျရူးဒ်သည် စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကျောနံပါတ် ၁၈ ဝတ်ဆင်မည်ဖြစ်သည်။ “ချယ်လ်ဆီးဆိုတာ ပရီးမီးယားလိဂ်မှာ အသင်းကြီး တစ်သင်းပါ။ သူတို့ဟာ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်လောက်အတွင်း ဆုဖလားတွေအများဆုံးရခဲ့တဲ့အသင်းတောင်ဖြစ်နိုင်ပါတယ်။
အသင်းကြီးတစ်သင်းဖြစ်တဲ့ချယ်လ်ဆီးနဲ့ပူးပေါင်းခွင့်ရလို့ ဂုဏ်ယူမိသလို ပွဲထွက်ကစားသွားဖို့လည်း မျှော်လင့်ပါတယ်”ဟု ဂျရူးဒ်ကပြောသည်။
ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ရိုးမားမှ ဂျက်ကို၊ ဝက်စ်ဟမ်းမှ ကာရိုးလ်၊ စတုတ်မှ အသက် ၃၇ နှစ်အရွယ် ခရော့ချ်တို့ကို စိတ်ဝင်စားခဲ့သည့် ချယ်လ်ဆီးအသင်း၏တိုက်စစ်မှူးသစ်ရှာဖွေမှုမှာ ဂျရူးဒ်ကိုခေါ်ယူခြင်းဖြင့် အဆုံးသတ်ခဲ့ပြီလည်းဖြစ်သည်။
Ref; Daily Mail