မာတာကို မန်ယူနိုက်တက်အသင်း တစ်နှစ်သက်တမ်းတိုး

မာတာကို မန်ယူနိုက်တက်အသင်း တစ်နှစ်သက်တမ်းတိုး

ဇန်နဝါရီ ၃၁၊ မန်ချက်စတာ။               ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ကွင်းလယ်ကစားသမား မာတာကို တစ်နှစ်စာချုပ်သက်တမ်းတိုးလိုက်သည်။ စပိန် ကွင်းလယ်ကစားသမားသည် ပရိသတ်နှင့်အသင်းဖော်များ၏ အချစ်တော်ကစားသမားတစ်ဦးဖြစ်ပြီး မော်ရင်ဟိုကလည်း အသင်း၌ ဆက်ရှိစေချင်နေသည်။

မာတာကိုစာချုပ်သက်တမ်းတိုးပြီးနောက် မော်ရင်ဟိုက “မာတာက သိပ်အရေးပါတဲ့ကစားသမားပါ။ လွန်ခဲ့တဲ့တစ်နှစ်ခွဲ ကျွန်တော် ဒီရောက်စတုန်းက မာတော့တော့ ဒုက္ခပဲဆိုပြီး ပြောကြတယ်။ အခုတော့ သူတစ်နှစ်သက်တမ်းတောင်တိုးခွင့်ရခဲ့ပြီ။

သူက ကျွန်တော့်အတွက်အရေးကြီးတဲ့ကစားသမားပါ။ အသင်းအတွက် အရေးကြီးတဲ့ကစားသမားပါ။ တခြားကစားသမားတွေ အတွက် အရေးပါတဲ့သူပါ”ဟု ပြောသည်။

မာတာသည် ၂၀၁၄ တွင် ချယ်လ်ဆီးမှ မန်ယူနိုက်တက်သို့ မော်ရင်ဟို၏ရောင်းချခြင်းကိုခံခဲ့ရသူဖြစ်ပြီး ယူနိုက်တက်အတွက် ၁၇၂ ပွဲကစား ၃၉ ဂိုးသွင်းပေးထားသည်။

ယမန်နှစ်ဧပြီတွင် အသက် ၃၀ ပြည့်ခဲ့သော ကွင်းလယ်ကစားသမားမှာ ပေါ့ဂ်ဘာနှင့် မာတစ်တို့ရောက်လာသော်လည်း ကွင်းလယ်ဗဟိုတွင် အရေးပါနေသောကစားသမားဖြစ်နေဆဲဖြစ်ပြီး မန်ယူနိုက်တက်ဂျာစီဝတ်ခွင့်ရသဖြင့် လွန်စွာဂုဏ်ယူမိ သည်ဟု ပြောသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly