မန်စီးတီးအသင်း၏ပစ်မှတ် မာရက်ဇ် အသင်းပြောင်းခွင့်တောင်း

မန်စီးတီးအသင်း၏ပစ်မှတ် မာရက်ဇ် အသင်းပြောင်းခွင့်တောင်း

ဇန်နဝါရီ ၃၁၊ လက်စတာ ။                      ။ လက်စတာစီးတီးအသင်းတောင်ပံကစားသမား ရီယက် မာရက်ဇ်သည် အသင်းပြောင်းခွင့်တောင်းဆိုထားသော်လည်း အသင်းဘက်ကမူ လက်ရှိ အပြောင်းအရွှေ့ကာလအတွင်း ရောင်းချရန်ဆန္ဒမရှိဖြစ်နေသည်။

အသက် ၂၆ နှစ်အရွယ် အယ်လ်ဂျီးရီးယားလက်ရွေးစင်ကစားသမားကို မန်စီးတီးအသင်းက ပေါင်သန်း ၅၀ ဖြင့် ကမ်းလှမ်းထား သော်လည်း လက်စတာအသင်းကလိုချင်သည့်ဈေးထက်နည်းသည်ဟု ယူဆရကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

မာရက်ဇ်နှင့်ပတ်သက်ပြီးမေးမြန်းမှုကို မန်စီးတီးနည်းပြဂွာဒီယိုလာက “လက်ရှိအချိန်က ပြောရမယ့်အချိန်တော့မဟုတ်တော့ဘူး။ တော်တော်ခက်ပါတယ်။ လာပေါ်တီရဲ့အပြောင်းအရွှေ့ဖြစ်ခဲ့တာက စာချုပ်ဖျက်သိမ်းကြေးကြောင့်ပါ။ ညှိနှိုင်းမှုတွေက အမြဲရှုပ်ထွေးတတ်ပါတယ်”ဟု ပြောသည်။

မာရက်ဇ်သည် အသင်းကြီးတစ်သင်းသို့ပြောင်းချင်နေသူဖြစ်ပြီး အီတလီကလပ်ရိုးမားက သုံးကြိမ်ကမ်းလှမ်းခဲ့ဖူးသော်လည်း လက်စတာအသင်းက ပယ်ချခဲ့သည်။

တောင်ပံကစားသမားအနေဖြင့် အသင်းကိုပရီးမီးယားလိဂ်ဖလားရအောင်ကူညီပေးနိုင်ခဲ့ပြီး PFA အကောင်းဆုံးကစားသမား အဖြစ် ရွေးချယ်ခံရပြီးနောက် ၂၀၁၆ တွင် အသင်းနှင့် လေးနှစ်စာချုပ်သစ်ချုပ်ထားသည်။

Ref; BBC

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly