ဒရာမာဇာတ်လမ်းတွဲအသစ်၌ သရုပ်ဆောင်ရန်ဆွေးနွေးနေသည့် ဆူဇီနှင့် နမ်ဂျူးဟွတ်ခ်

ဒရာမာဇာတ်လမ်းတွဲအသစ်၌ သရုပ်ဆောင်ရန်ဆွေးနွေးနေသည့် ဆူဇီနှင့် နမ်ဂျူးဟွတ်ခ်

 

နာမည်ကျော်အဆိုတော်နှင့် မင်းသမီးဖြစ်သူဆူဇီနှင့် မင်းသားနမ်ဂျူးဟွတ်ခ်တို့သည် MBC ရုပ်သံလိုင်းမှ ထုတ်လွှင့်မည့် Come Hug Me ဟုခေါ်သော ဒရာမာဇာတ်လမ်းတွဲအသစ်၌ ပါဝင်သရုပ်ဆောင်ရန် ဆွေးနွေးမှု များပြုလုပ်နေကြောင်း သိရသည်။

ဇန်နဝါရီ ၃၁ ရက်နေ့တွင် OSEN သတင်းစာက ဆူဇီနှင့် နမ်ဂျူးဟွတ်ခ်တို့သည် ခေါင်းဆောင်မင်းသား၊မင်းသမီး များအဖြစ် ပါဝင်သရုပ်ဆောင်ပေးရန် ကမ်းလှမ်းမှုများရရှိခဲ့ကြောင်း သတင်းတင်ပြခဲ့သည်။ ထိုဖော်ပြချက်ကို MBC မှ တာဝန်ရှိသူများက အတည်ပြုပေးခဲ့ပြီး သရုပ်ဆောင်နှစ်ဦးသည် ယခုအခါတွင် ဆွေးနွေးမှုများ ပြုလုပ် နေပြီဟုပြောဆိုခဲ့သည်။

ကနဦးသတင်းများက မင်းသမီးဆိုရဲဂျင်သည် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်မည်ဟု ဖော်ပြခဲ့သော်လည်း MBC မှ တာဝန်ရှိသူများက သူမကိုမည်သည့် တရားဝင်ကမ်းလှမ်းမှုမျိုးမှ   ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့ သည်။

Come Hug Me သည် ကြေကွဲဝမ်းနည်းဖွယ်ရာ လူသတ်မှုတစ်ခုဖြစ်ပွားပြီးနောက် လူနှစ်ဦး၏ကံကြမ္မာများ ရောယှက်သွားပုံကို ပုံဖော်ထားသည့် ဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး လာမည့်မေလတွင် ထုတ်လွှင့်ပြသ သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref: Soompi

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags