တိုက်စစ်အားသန်တဲ့ အာဆင်နယ်မှာ ပွဲထွက်ဖို့မစောင့်နိုင်တော့တဲ့ အမ်ခီတာရန်

တိုက်စစ်အားသန်တဲ့ အာဆင်နယ်မှာ ပွဲထွက်ဖို့မစောင့်နိုင်တော့တဲ့ အမ်ခီတာရန်

 

ဇန်နဝါရီ ၃၀၊ အင်္ဂလန် ။             ။ အမ်ခီတာရန်ဆိုတာ ဒေါ့တ်မွန်မှာ တောက်ပခဲ့တဲ့သူဖြစ်ပြီး အာမေးနီးယားလက်ရွေးစင်အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ဒါပေမဲ့ မန်ယူအသင်းမှာတော့ အမ်ခီတာရန်ဆိုတာ ဒီလိုကစားသမားလားလို့ မေးခွန်းထုတ်ရလောက်အောင်ခြေစွမ်းပိုင်းက အားရစရာမရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အမ်ခီတာရန်ဟာ ဆန်းချက်ဇ်ကိုလိုချင်တဲ့ မန်ယူအသင်းအတွက် အစတေးခဲ့ဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ အရင်က အမ်ခီတာရန်ကိုပြန်ရဖို့ မျှော်လင့်နေကြပါတယ်။ အမ်ခီတာရန်ကလည်း သူ့ရဲ့ပုံမှန်ခြေစွမ်းပြန်ရမယ်လို့ ယုံကြည်နေပြီး တိုက်စစ်အားသန်တဲ့ အာဆင်နယ်အသင်းမှာ ပွဲထွက်ဖို့ မစောင့်နိုင်တော့လောက်အောင် ဖြစ်နေပါပြီ။

“အာဆင်နယ်ကိုလာရတဲ့ အဓိက အချက်တွေထဲမှာ နည်းပြအာစင်ဝင်းဂါးက တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ သူက တကယ့်ထိပ်တန်းနည်းပြဆိုတာ လူတိုင်းသိပါတယ်။ အာဆင်နယ်အသင်းက အမြဲတမ်းတိုက်စစ်ဖွင့်ကစားတဲ့အသင်းပါ။ ဒီလိုကစားဟန်ကြောင့်ပဲ ကစားသမားတိုင်းက အာဆင်နယ်ကိုလာဖို့ အိပ်မက်မက်ကြတာ ဖြစ်ပါလိမ့်မယ်” လို့ အမ်ခီတာရန်က ပြောဆိုခဲ့ပါတယ်။

အမ်ခီတာရန်ဟာ မန်ယူမှာ ၆၃ ပွဲကစားခဲ့ပြီး ၁၃ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ လကဆိုရင် ပရီးမီးယားလိဂ်မှာ ၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly