Yopeနဲ့ လိမ္မော်သီး

Yopeနဲ့ လိမ္မော်သီး

Yopeရဲ့ Red Chair ပရိသတ်များအားလုံးမင်္ဂလာပါ။ ဒီတစ်ပတ် YOPE RED CHAIR အစီစဉ်မှာ အရမ်းပဲချစ်စရာကောင်းပြီးတော့ အနုပညာလောကထဲမှာနေရာတစ်နေရာရအောင် ကြိုးစားနေတဲ့ ညီမလေး လိမ္မော်သီးပဲ ဖြစ်ပါတယ်။

ပထမဆုံးမေးခွန်းလေးကအနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်နဲ့ အဆက်မပြတ်လှုပ်ရှားနေဖို့ အရေးကြီးလားဒါမှ မဟုတ်ရင် အနုပညာဝမ်းစာကိုအမြဲမပြတ်ဖြည့်နေဖု့ိကအရေးကြီးလား။

အဲဒီနှစ်ခုကဒွန်တွဲနေတယ်ပေါ့နော်။ ဒါပေမယ့် ပရိသတ်နဲ့ အဆက်မပြတ်ဖို့လည်းအရေးကြီးပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ အနုပညာတစ်ခုကို ချပြချင်တဲ့အတွက် ကိုယ့်ဝမ်းစာကို ဖြည့်နေတယ်ဆိုလည်းဒါက ဖြစ်သင့်တာပဲလေ။ ဒီနှစ်ခုကဒွန်တွဲနေတယ် အရမ်းကြီးသီးသန့်ခွဲထုတ်လု့ိတော့ မရနိုင်ဘူးပေါ့လေ။

အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်းနဲ့ စိတ်ပင်ပန်းလာလို့ ရှိရင် ကိုယ့်ကိုယ် နားလည်ဆုံးနဲ့ ကိုယ့်ကိုယ် နှစ်သိမ့်ပေးနိုင်ဆုံးလူတစ်ယောက်ကဘယ်သူဖြစ်မလဲ။

နှစ်သိမ့်အားပေးတာဆိုရင်တော့ မိသားစုပေါ့နော်။ ကိုယ်စိတ်ဓာတ်ကျနေရင်လည်းသူတို့ကစိတ်ဓာတ်မကျအောင် ပြောပြမယ်။ တစ်ခါတလေမှာကိုယ်ကကိုယ့်အလုပ်ပေါ်မှာအာရုံမစိုက်တော့ဘူးဆိုရင်လည်းသူတို့ကအာရုံစိုက်လာအောင် ပြောပေးမယ်။ အဓိကတော့ မိသားစုပါပဲ။

ကောလဟာလတွေကြောင့်ပဲလိမ္မော်သီးဆိုတဲ့ ညီမလေးကစိတ်အနှောက်ယှက်တွေ ဖြစ်ဘူးတယ်ပေါ့ ။ အခုချိန်မှာအဲဒါတွေကို ပြန်တွေးလိုက်လို့ ရှိရင် ရယ်စရာတစ်ခု ဖြစ်နေလား။

အဲဒီလိုပါပဲ ဖြစ်ပါတယ်။ အရာအားလုံးကအချိန်အတိုင်းတာတစ်ခုမှာပဲပေါ့နော်။ အဲဒီအတိုင်းအတာကိုကျော်သွားတဲ့အခါ ပြန်စဉ်းစားလာရင် ဒါတွေကတစ်ခါတလေကျတော့လည်းရယ်စရာတွေပေါ့နော်။ ဒေါသထွက်ခဲ့မယ်။ အဲဒါတွေ ပြန်တွေးပြီးတော့ ငါအဲဒီတုန်းကတော်တော်ဒေါသထွက်ခဲ့လား။ ဒါမှ မဟုတ်ရင်လည်းငါဘယ်လိုဖြေရှင်းခဲ့လဲ။ အဲဒီလိုရယ်စရာတစ်ခုအနေနဲ့တော့ ဖြစ်ခဲ့တာများပါတယ်။

လိမ္မော်သီးလက်မခံနိုင်တဲ့ လက်တွဲဖော်ယောက်ျားလေးပုံစံကဘယ်လို ဖြစ်မလဲ။

အဲဒါကပွေတာရှုပ်တာမျိုးပေါ့။ အဲဒါမျိုးကလုံးဝလက်မခံဘူး။ အခြားအကြောင်းအရာတွေကတော့ ကိုယ် ချစ်တာပဲ ဖြစ်ဖြစ် အဲဒီလို ဖြည့်ပြီးတော့ တွေးလို့ ရတယ်။ ဖြည့်ပေးလို့ ရတယ်။ နောက် သီးခံပေးလို့ ရတယ်။ မိန်းကလေးကိစ္စနဲ့ ဟာမျိုးဆိုရင်တော့ အဲဒါကလုံးဝသီးမခံနိုင်တဲ့ အထဲမှာပါတယ်။

ညီမလေးလိမ္မော်သီးအနေနဲ့ ပြည်ပ နိုင်ငံတစ်ခုခုကိုသွားရောက်ဖျော်ဖြေရမယ်ဆိုရင် ဘယ်နိုင်ငံကိုသွားမလဲ။

အမေရိကားလည်းသွားချင်တယ် အင်္ဂလန်လည်းသွားချင်တယ်။ အဲဒီဘက်တွေကိုမရောက်ဘူးသေးလို့။

အခုလက်ရှိလှုပ်ရှားဖြစ်နေတဲ့ လှုပ်ရှားမှုလေးကိုလည်းပြောပြပေးပါအုံး။

အခုလက်ရှိကတော့ သီချင်းသွင်းနေတယ်ပေါ့နော်။ မတ်လလောက်မှာတတိယမြောက် အယ်လ်ဘမ် ထုတ်ချင်တာကိုး။ဒီ ၂၀၁၈ မှာထွက်ချင်တဲ့အတွက် အဲဒီအတွက် သီချင်းလက်ကျန်ဖြတ်နေတယ်။ နောက်ထပ်လည်းသီချင်းအသစ်တွေကထပ်ပြီးတော့ ထွက်လာအုံးမယ်ပေါ့နော်။ အဲဒါတွေ အွန်းလိုင်းပေါ် တင်မယ်ပေါ့နော်။ သီချင်တွေ ဆက်တိုက် လုပ်ဖြစ်နေပါတယ်လို့။ အားပေးပါအုံးလို့ ပြောချင်ပါတယ်။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly