Face Unlock နှင့် A.I. Beauty Technology များထည့်သွင်းပေးထားသည့် OPPO F5 Lite (A83) ကိုဖေဖော်ဝါရီ ရရက်တွင် စတင်ရောင်းချပေးမည်

Face Unlock နှင့် A.I. Beauty Technology များထည့်သွင်းပေးထားသည့် OPPO F5 Lite (A83) ကိုဖေဖော်ဝါရီ ရရက်တွင် စတင်ရောင်းချပေးမည်

OPPO Myanmar က F5 Series ထုတ်ကုန်များ၏ နောက်ဆက်မျိုးဆက်ထုတ်ကုန်သစ်တစ်ခုဖြစ်သော OPPO F5 Lite (A83) စမတ်ဖုန်းကို လာမည့်ဖေဖော်ဝါရီလ ၇ရက်နေ့မှစတင်ကာ   မြန်မာတစ်နိုင်ငံလုံးရှိ OPPO Showroom နှင့် OPPO Counter များတွင်ရောင်းချပေးသွားမည်ဖြစ်သည်။ OPPO F5 Lite (A83) ကို mid-range ဖုန်းအမျိုးအစားများတွင်   ပေးရသည့်ဈေးနှင့် ထိုက်တန်မှုရှိစေမည့် ၂၂၉,ဝဝဝကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီးအရောင်ရွေးချယ်မှုအဖြစ် Champagne (Gold) နှင့် Black ၂မျိုးကိုရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

OPPO F5 Lite (A83) ထုတ်ကုန်တွင် OPPO F5 Youth တွင်အသုံးပြုပေးထားသည့် hardware အစိတ်အပိုင်းများနှင့် နောက်ဆုံးထုတ် feature များကို ပြန်လည်ရယူအသုံးပြုပေးထားသည့်အတွက် စွမ်းဆောင်ရည်အပိုင်းတွင်မြင့်မားမှုရှိစေမည်ဖြစ်သည်။

OPPO F5 Lite (A83) ၏မျက်နှာပြင်မှာ Full Screen မျက်နှာပြင်အပြည့် (18:9) အချိုးအစားဖြစ်ပြီးပုံမှန် HD ထက်ကြည့်ရှုမှုအမြင်ပိုင်းပိုမိုကောင်းမွန်စေမည့် HD+ (720x1440) ရုပ်ထွက်အရည်အသွေးကို အသုံးပြုထားသည့် ၅.၇ လက်မ display ကိုအသုံးပြုပေးထားသည်။ ကင်မရာအပိုင်းတွင် A.I.Beauty Technology အသုံးပြုပေးထားသည့် 8MP Selfie ကင်မရာနှင့် 13MP နောက်ကင်မရာတို့ကို တပ်ဆင်ပေးထားသည့်အတွက် ပင်ကိုယ်အရည်အသွေးကိုမပျောက်ပျက်  စေဘဲသဘာဝဆန်ဆန်ဓာတ်ပုံများကိုဖန်တီး နိုင်စေဦးမည်ဖြစ်သည်။ ထို့အပြင် ဖုန်းကိုလွယ်လွယ်မြန်ဆန်စွာဖွင့်နိုင်စေရန် Face Unlock စနစ်ကိုလည်းတခြားသော F5 Series များမှ ပြန်လည်ရယူအသုံးပြုပေးထားသည်။ စွမ်းဆောင်မှုပိုင်းတွင် Octa-core အမျိုးအစား 2.5GHz မြန်နှုန်းရှိ CPU နှင့်အတူ3GB RAM တို့ပေါင်းစပ် အလုပ်လုပ်ပေးမည်ဖြစ်သည့်အတွက် 3D ဂိမ်းများကိုပါ မြန်ဆန်ချောမွေ့စွာ run ပေးနိုင်မည်ဖြစ်သည်။ Internal Storage အတွက် 16GB ROM ပါဝင်ပြီး micro SD card မှတစ်ဆင့် 256GB အထိတိုးမြှင့်အသုံးပြုနိုင်စေမည်ဖြစ်သည်။

Software အပိုင်းတွင် Android OS 7.1 (Nougat) ကိုအခြေခံထားသည့် OPPO ၏ ကိုယ်ပိုင်နောက်ဆုံးထုတ် ColorOS Version 3.2 ကိုပါတစ်ပါတည်း အသုံးပြုရမည်ဖြစ်သည်။ ထို့အပြင် Batter ပိုင်းအတွက်လည်း ကြာရှည်အသုံးခံစေမည့် 3180 mAh ကိုအသုံးပြုပေးထားသည့်အတွက် ပုံမှန်အသုံးပြုလျှင် ၁၂နာရီအထိခံနိုင်စေမည်ဖြစ်သည်။

OPPO F5 Lite (A83) ဝယ်ယူသူများအနေဖြင့် Telenor ၏ Internet Package 6GB အထိရရှိစေမည်ဖြစ်ပြီးတစ်လလျှင် ဖုန်းဘီလ် ၃ဝဝဝ ကျပ်ထည့်သွင်းရုံဖြင့် လစဉ်လတိုင်း 1GB  ကို၆လဆက်တိုက်အထိအသုံးပြုနိုင်စေမည်ဖြစ်သည်။ OPPO F5 Lite (A83) ကိုဝယ်ယူသူများအနေဖြင့် Coffee Cup ပုံစံ mini speaker တစ်စုံကိုလက်ဆောင်အဖြစ်ရရှိဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly