ကာဗာနီကို ဘင်ဇီမာဖြင့်အစားထိိုးရန် ပီအက်စ်ဂျီအသင်းဆန္ဒရှိ

ကာဗာနီကို ဘင်ဇီမာဖြင့်အစားထိိုးရန် ပီအက်စ်ဂျီအသင်းဆန္ဒရှိ

 

ဇန်နဝါရီ ၃၀၊ ပဲရစ်။             ။ ပီအက်စ်ဂျီအသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလတွင် ကာဗာနီနေရာ၌ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဘင်ဇီမာနှင့် အစားထိုးရန် ဆန္ဒရှိနေသည်။

ရာသီကုန်တွင် ဘင်ဇီမာကို ပီအက်စ်ဂျီကခေါ်ယူရန် ပစ်မှတ်ထားနေကြောင်းကို စပိန်နေ့စဉ်ထုတ်သတင်းစာ Sport က ဖော်ပြထားခြင်းဖြစ်သည်။

ကာဗာနီသည် ပီအက်စ်ဂျီအသင်း၏ ဂိုးသွင်းအများဆုံးစံချိန်ကိုချိုးဖျက်ထားသူဖြစ်သော်လည်း နေမာနှင့်ဆက်ဆံရေးကြောင့် အသင်းမှထွက်ခွာဖွယ်ရှိနေခြင်းဖြစ်သည်။

ဘင်ဇီမာသည် လက်ရှိရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း၌ ပွဲထွက်ခွင့်နည်းပါးနေပြီး စပိန်ကလပ်သည်လည်း တိုက်စစ်အပါအဝင် အသင်းလူစာရင်းကိုအပြောင်းအလဲပြုလုပ်ဖွယ်ရှိနေရာ ဘင်ဇီမာအနေဖြင့် အသင်းပြောင်းရဖွယ်ရှိနေသည်။

ပြင်သစ်တိုက်စစ်မှူးအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ၂၀၁၇ စက်တင်ဘာကမှ ၂၀၂၁ ထိ စာချုပ်သက်တမ်းတိုး ထားသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly