စတာရစ်ချ်ကို ရာသီကုန်ထိ အငှားဖြင့် ဝက်စ်ဘရွန်းအသင်းခေါ်ယူ

စတာရစ်ချ်ကို ရာသီကုန်ထိ အငှားဖြင့် ဝက်စ်ဘရွန်းအသင်းခေါ်ယူ

 

ဇန်နဝါရီ ၃၀၊ ဝက်စ်ဘရွန်း။              ။ ဝက်စ်ဘရွန်းအသင်းသည် လီဗာပူးလ်နှင့် အင်္ဂလန်တိုက်စစ်မှူး စတာရစ်ချ်ကို ရာသီကုန်အထိအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဝက်စ်ရွန်းအသင်း၏ ပရီးမီးယားလိဂ်ပြိုင်ဘက် နယူးကာဆယ်အသင်းနှင့် စီးရီးအေကလပ် အင်တာမီလန်တို့ကလည်း ၂၈ နှစ် အရွယ်တိုက်စစ်မှူးကိုခေါ်ယူနိုင်ရန် ကြိုးစားခဲ့ကြသေးသည်။

စတာရစ်ချ်သည် ပွဲထွက်ကစားရသည့် ၁၁၄ ပွဲတွင် ပရီးမီးယားလိဂ်သွင်းဂိုး ၇၄ ဂိုးနှင့် ဖလားပွဲသွင်းဂိုး ၂၇ ဂိုးသွင်းထား သော်လည်း လက်ရှိရာသီတွင် ငါးပွဲသာပွဲထွက်ကစားခွင့်ရထားသည်။

“ကျွန်တော်တို့အတွက် ပူးပေါင်းဆောင်ရွက်မှုကြီးတစ်ခုပါပဲ။ သူက တကယ်ထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ”ဟု ဝက်စ်ဘရွန်းနည်းပြ အလန်ပါဂျူးက ချီးကျူးခဲ့သည်။

ဘာမင်ဂမ်ဖွား စတာရစ်ချ်ကလည်း “ကျွန်တော်ဒီမှာ အရင်တုန်းက ကစားတုန်းက သူငယ်ချင်းတွေရခဲ့ပါတယ်။ နည်းပြရဲ့ စကားတွေကလည်း တကယ်ကောင်းပါတယ်။ အသင်းနဲ့အတူ ရလာမယ့် စိန်ခေါ်မှုတွေ၊ အသင်းရဲ့ကစားပုံတွေအရ ကျွန်တော့်ရဲ့ ရွေးချယ်မှုမှန်တယ်လို့ ခံစားနေရပါတယ်”ဟု ပြောသည်။

စတာရစ်ချ်အနေဖြင့် ဝက်စ်ဘရွန်းအသင်း၏ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲဖြစ်သော ဆောက်သမ်တန်နှင့်အိမ်ကွင်းပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်သည်။

ဝက်စ်ဘရွန်းအသင်းသည် တနင်္လာနေ့အစောပိုင်းက ဇာမာလက်အသင်းမှ အီဂျစ်နောက်ခံလူ အလီ ဂက်ဘာကိုလည်း အငှားဖြင့် ခေါ်ယူထားသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly