နေရယ်၊လရယ်၊အမှန်တရားရယ် ဇာတ်လမ်းတွဲသစ် အပိုင်း၁၀ပိုင်းပါ၀င်မည်

နေရယ်၊လရယ်၊အမှန်တရားရယ် ဇာတ်လမ်းတွဲသစ် အပိုင်း၁၀ပိုင်းပါ၀င်မည်

 

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ။          ။ အချစ်ရေးနဲ့ ဥပဒေရေးရာများပါဝင်သည့် နေရယ်၊လရယ်၊အမှန်တရားရယ် ဒုတိယဇာတ်လမ်းတွဲသစ်ကို နှစ်နှစ်နီးပါးစီစဉ်ရိုက်ကူးခဲ့ပြီး အပိုင်း(၁၀)ပိုင်းပါရှိမည်ဖြစ်ကြောင်း ယနေ့မိတ်ဆက်ပွဲမှ သိရသည်။`

အဆိုပါဇာတ်လမ်းတွဲသစ်တွင် မူလသရုပ်ဆောင်များဖြစ်သည့် ဆုပန်ထွာ၊ မိုးယံဇွန်၊ ဘုဏ်းသိုက်၊ ခင်ဇာကြည်ကျော်တို့အပါအဝင် တခြားသောသရုပ်ဆောင်များစွာပါဝင်မည်ဖြစ်သည်။

"အဓိကပြောမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာလိုအပ်နေသေးတဲ့မသိသေးတဲ့ ဥပဒေအကြောင်းကိုနားမလည်သေးတဲ့ ဘယ်လိုပြောမလဲ Level (အဆင့်) နည်းနည်း ဆင်းရဲတဲ့သူတွေပေါ့ ။ တချို့ကျလုံးဝဥပဒေကိုနားမလည်တဲ့သူ ကျွန်တော်တို့တောင်မှနားမလည်ပါဘူး ။ တကယ် Detail (အသေးစိတ်)ဘယ်လိုလုပ်သိမလဲ ဒါပေမယ့်အဲဒီလိုဟာမျိုးတွေ Share (မျှဝေ) လုပ်ပေးတဲ့ Television Drama မို့လို့ နှိုင်းယှဉ်လိုက်လို့ရှိရင် Love Affair Drama (အချစ်ရေးဒရမ်မာ) တို့ Emotional Drama (ခံစားမှုဒရမ်မာ) တို့ဆိုတာ ဒါကရှိကိုရှိသင့်တယ် ။ အခုလုပ်နေတဲ့ Fund (ငွေကြေး) တွေကလည်းရှာကြတာ ဒါမျိုးဖြစ်ချင်တဲ့ Law Firm (ဥပဒေအဖွဲ့) တွေကရှာပေးတဲ့ Fund တွေနဲ့ ကျွန်တော်တို့ကလုပ်ရတာ တကယ်တန်းပြောရရင်ကျွန်တော်တို့က Sponsor ရှာဖို့ခက်တယ် ။ ဒါကတကယ်တန်းပြောရင် အချစ် Story (ဇာတ်လမ်း) မဟုတ်ဘူးလေ"ဟု နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်လမ်းတွဲအား တာဝန်ယူရိုက်ကူးနေသည့် ဒါရိုက်တာအောင်ကိုလတ်ကပြောသည်။

နေရယ်၊လရယ်၊အမှန်တရားရယ် ဒုတိယဇာတ်လမ်းတွဲတွင် အပိုင်း(၁၀)ပိုင်းပါရှိပြီး အပိုင်း(၂)ပိုင်းကို ဖြုတ်ခဲ့ရသည်ဟု ဆိုသည်။

Yangon Film School (YFS)မှ ဇာတ်ညွှန်းဒါရိုက်တာများ၊ Yangon Justice Center ၊ ပျိုးပင် စသည့်ပါဝင်သည့်အဖွဲ့အစည်းများမှ ဇာတ်ညွှန်းကိုအကြိမ်ပေါင်းများစွာပြင်ဆင်တည်းဖြတ်ခဲ့သည်ဟုလည်း ဒါရိုက်တာကိုအောင်ကိုလတ်ကပြောသည်။

၎င်းဇာတ်လမ်းထဲမှ Yangon Justice Center ကို ဇာတ်လမ်းတွဲမရိုက်ခင် ၂၀၁၃ခုနှစ်က တရားဝင်တည်ထောင်ခဲ့ပြီး ဇာတ်လမ်းတွဲရိုက်သည့်အခါ ထို Justice Center ကို ဇာတ်လမ်းတွဲအနေဖြင့် ရိုက်ကူးခဲ့ကြသည်ဟုဆိုသည်။

Justice Center အနေဖြင့် အမှုအခင်းကြုံတွေ့နေရပြီး ရှေ့နေမငှားနိုင်သူများအတွက် အခမဲ့ကူညီဆောင်ရွက်ပေးခဲ့ပြီး ဥပဒေအကြံညဏ်နှင့် လူထုကြားပဏ္ဍိပက္ခများကို ညှိနိူင်းပေးနေသည်ဟု ဦးကျော်မြင့်က ပြောသည်။

နေရယ်၊လရယ်၊အမှန်တရားရယ် ပထမ ဇာတ်လမ်းတွဲ အပိုင်း(၈)ပိုင်းကို ၂၀၁၄ခုနှစ် မတ်လတွင် Communication Service Group၊ မြန်မာဥပဒေအထောက်အကူပြုကွန်ရက်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ပျိုးပင်အစီစဉ်နှင့် Yangon Film School တို့ပူးပေါင်းကာ စတင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

၎င်းနောက် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် MRTV၌ စတင်ပြသခဲ့ပြီး ၂၀၁၅ခုနှစ် မတ်လ ၂၈ရက်နေ့မှစတင်ကာ MWD Variety Channel ၌ ထပ်မံပြသခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly