လာလီဂါရှုံးပွဲမရှိ စံချိန်ဟောင်းကို ဘာစီလိုနာအသင်းလိုက်မီ

လာလီဂါရှုံးပွဲမရှိ စံချိန်ဟောင်းကို ဘာစီလိုနာအသင်းလိုက်မီ

 

ဇန်နဝါရီ ၂၉၊ ဘာစီလိုနာ။                ။ အလာဗက်စ်ကို ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် ဘာစီလိုနာအသင်းသည် ဂွာဒီယိုလာလက်ထက် ၂၀၀၉-၁၀ ရာသီက ၎င်းတို့ကိုယ်တိုင်တင်ရှိထားသည့် လာလီဂါ ၂၁ ပွဲဆက် ရှုံးပွဲမရှိသည့်စံချိန်ကို လိုက်မီသွားခဲ့သည်။

တနင်္ဂနွေနေ့က နူးကမ့်တွင်ကစားသောယင်းပွဲတွင် အလာဗက်စ်အသင်းက ဂူဒက်တီ၏ဂိုးဖြင့်ဦးဆောင်ခဲ့သော်လည်း ပွဲချိန် ၇၂ မိနစ်တွင် ဆွာရက်ဇ်ကပြန်လည်ချေပခဲ့ပြီး မက်ဆီက ဖရီးကစ်ကိုတိုက်ရိုက်ကန်ကာ အနိုင်ဂိုးသွင်းယူခဲ့သည်။

မက်ဆီသည်လည်း ဖရီးကစ်မှတိုက်ရိုက်ကန်သွင်းယူသည့် ဂိုး ၂၁ ဂိုးရှိသွားပြီဖြစ်ပြီး ဂိုး ၂၀ သွင်းထားသည့် စီရော်နယ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုနှစ်လာလီဂါတွင် ၁၈ ပွဲနိုင်၊ သုံးပွဲသရေကျထားပြီး ၂၀၀၉-၁၀ ရာသီက ၁၇ ပွဲနိုင် လေးပွဲသရေကျခဲ့ သည်။

အမှတ်ပေးဇယားထိပ်မှ ဘာစီလိုနာအသင်းအနေဖြင့် ဒုတိယနေရာမှ အက်သလက်တီကိုအသင်းကို ၁၁ မှတ်၊ အစဉ်လာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို ၁၉ မှတ်ဖြတ်ထားသည်။

ရှုံးနေရာမှ ပြန်လည်အနိုင်ရရှိပြီးအမှတ်ရယူခြင်းမှာလည်း ၁၂ မှတ်ရှိသွားပြီဖြစ်ပြီး အခြားလာလီဂါပြိုင်ဘက်များထက် ပိုမိုရယူနိုင်ခြင်းဖြစ်သည်။

ဘာစီလိုနာအနေဖြင့် အသင်း၏စံချိန်ကိုချိုးပြီး ၂၂ ပွဲရှုံးပွဲမရှိစံချိန်တင်ရန်အတွက် လာမည့်တနင်္ဂနွေတွင် အက်စ်ပန်ညိုအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly