အလှပဆုံး ဓာတ်ပုံတွေကို မှတ်တမ်းတင်ဖန်တီးချင်ပါသလား ???

အလှပဆုံး ဓာတ်ပုံတွေကို မှတ်တမ်းတင်ဖန်တီးချင်ပါသလား ???

ဓာတ်ပုံတစ်ပုံဟာ လူတစ်ယောက်အတွက် အမှတ်တရတွေ များစွာပါဝင်တယ်ဆိုတာကို အမျိုးတို့တွေ ဘယ်နှစ်ယောက်လောက်သဘောတူကြပါသလဲ ??? ဓာတ်ပုံတစ်ပုံကနေပြီးတော့ လူတစ်ယောက်ရဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ စိတ်ခံစားချက်တွေကို ပြောပြတတ်တဲ့အရာမျိုးလို့ ညွှန်းဆိုချင်ပါတယ် …. ခရီးသွားရင်းနဲ့ သဘာဝရှုမြော်ခင်းတွေနဲ့ နေရာဒေသတွေရဲ့ အလေ့အထများစွာကို ဓာတ်ပုံတစ်ပုံနဲ့  မှတ်တမ်းတင်ထားပြီး ပျော်ရွှင်မှုဆိုတဲ့ အရာကို ပေးစွမ်းနိုင်မှာပါ … ကိုယ့်ရဲ့ ဘဝတစ်လျှောက်လုံးမှာ မရှိမဖြစ်လိုအပ်နေတဲ့ လူတွေနဲ့ အတူလက်တွဲပြီး ပျော်ရွှင်မှုတွေကို ခံစားနိုင်ဖို့ဆိုတာ ဓာတ်ပုံတွေကသာ အလှပဆုံးမှတ်တမ်းတင်နိုင်မယ် ဆိုတာကို အမျိုးတို့တွေ လက်ခံနိုင်ကြမယ်ထင်ပါတယ် …

ဒီတော့ အလှပဆုံးတွေ မှတ်တမ်းတင်နိုင်ဖို့ဆိုရင် မရှိမဖြစ်လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ဖုန်းရဲ့ ကင်မရာ အရည်အသွေးကောင်းမွန်ဖို့ဆိုတာ လိုအပ်လာပါပြီ …  ဖုန်းတွေကလည်း အပြိုင်အဆိုင်နဲ့ကို ဈေးကွက်အတွင်းမှာ ထွက်လာကြပါတယ် .. အဲ့ဒီလိုများစွာထဲမှာမှ ကိုယ်က ကောင်းမွန်တဲ့ ဖုန်းတစ်လုံးကို ရှာဝယ်တတ်ဖို့ လိုပါတယ် .. ဖုန်းဆိုတာကလည်း ဝယ်ပြီးတာနဲ့ မပြီးပါဘူး .. အဲ့ဖုန်းကို service ကောင်းကောင်းပေးဖို့လည်း လိုအပ်ပါတယ်နော် .. အဲ့တော့ ကိုယ်က ဖုန်းဝယ်ကတည်းက ငါဝယ်ပြီးရင် ပြန်ပြီးတော့ service ကောင်းကောင်းပေးနိုင်ရဲ့လားဆိုတာကို စုံစမ်းဖို့တော့ လိုအပ်ပါတယ် … အဲ့တော့ ကင်မရာကောင်းတဲ့ ဖုန်းတစ်လုံးဝယ်ပါဆိုရင်တော့ HUAWEI nova 2i ကိုပဲ ရွေးချယ်ချင်ပါတယ် .. ဘာကြောင့်လဲ ?????

HUAWEI nova 2i က ကင်မရာ လေးလုံးထည့်သွင်းထားတဲ့ ပထမဆုံး ပြည်တွင်းရောက် ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ကင်မရာလေးလုံးဆိုတော့ နည်းနည်းတော့ ဆန်းသွားမှာပေါ့နော် .. ဘယ်လိုမျိုးလဲဆိုရင်တော့ ရှေ့ဘက် ကင်မရာ နှစ်လုံးနဲ့ နောက်ဘက် ကင်မရာ နှစ်လုံးထည့်သွင်းထားတဲ့ ကင်မရာဖြစ်ပါတယ် ..  ရှေ့ကင်မရာကို 13M+2M နဲ့ နောက်ကင်မရာကို 16M+2M အထိ သုံးလို့ရနိုင်တဲ့ ကင်မရာများအဖြစ် HUAWEI nova 2i က ပြုလုပ်ပေးထားပါတယ် … Resolution အနေနဲ့ဆိုရင်လည်း Full HD+ ကို အပြည့်အဝခံစားနိုင် အောင် 2160 x 1080 ရှိပါတယ် … အဲ့တော့ Photo တွေကော Video တွေကေ ရှယ်ရိုက်နိုင်ပြီလေ .. HUAWEI nova 2i ဖုန်းနဲ့ Photo တွေ ရိုက်မယ်ဆိုရင် DSLR ကင်မရာတွေမှာ ပါဝင်တဲ့ Raw Format နဲ့လည်း ရိုက်ကူးနိုင်ပါတယ် .. အဲ့တော့ Raw Format ရပီဆိုရင် ကိုယ့်စိတ်ကြိုက် effect တွေနဲ့ ပြန်လည်ပြုပြင်လို့ ရတာပေါ့နော် … iphone တွေမှာ ပါဝင်တဲ့ ရွေ့လျားနေတဲ့ ဓာတ်ပုံအတိုလေးတွေကိုလည်း HUAWEI nova 2i မှာ ပါဝင်တဲ့ ကင်မရာနဲ့လည်း ရိုက်နိုင်ပါပီ .. ပြီးတော့ slow motion တွေကော ရိုက်ချင်သေးလား ရိုက်လို့ရပီလေ ..  နောက်တစ်ခု HUAWEI nova 2i မှာ ပါဝင်တဲ့ အားသာချက် .. ဘာလဲဆိုရင်တော့ ဖုန်းရဲ့ အရှေ့ကင်မရာတွင် LED မီးအပြင် Soft light လည်း ပါဝင်တာကြောင့် Selfie ဓာတ်ပုံတွေကိုလည်း ညဘက်မှာ အလှဆုံးရိုက်ကူးနိုင်မှာ ဖြစ်ပါတယ် .. Selfie တွေ အပီလန်းဖို့အတွက်ဆို HUAWEI nova 2i ကင်မရာမှာ Built-in ထည့်ပေးထားတဲ့ Effect ကိုလည်း သုံးကြည့်လိုက်ရအောင်။ ကိုယ့်မျက်နှာနဲ့ ပေါင်းစပ်နိုင်မယ့် အရုပ်လေးတွေ ဒီ Effect မှာ အများကြီးရှိလို့ ရိုက်လိုက်တဲ့ ဓာတ်ပုံတိုင်းက Cute ဖြစ်နေမှာပါ …  အဲ့တော့ selfie ခဏခဏရိုက်တဲ့ လူတွေအားလုံးအတွက်ကတော့ ရှယ်ပေါ့ .. 

နောက်တစ်ခု Focus … ဖုန်းကင်မရာနဲ့တင်ကို ကိုယ်လိုချင်တာကို Focus လုပ်ပြီး ရိုက်နိုင်ပြီလေ .. ရိုက်ပြီးကာမှလည်း ကိုယ်လိုချင်တဲ့ အရာကို Focus ပြန်လုပ်နိုင်တယ်လေ .. HUAWEI nova 2i မှာ Wide Aperture နဲ့ ရိုက်ထားတဲ့ပုံတွေကို စိတ်ကြိုက် Focus ထားနိုင်တဲ့ Refocus Mode ပါဝင်ပါတယ်။  အဲ့တော့ ဓာတ်ပုံသာအရင်ရိုက်လိုက်။ နောက်မှ အေးဆေး Focus ပြန်ရွေးပြီး စိတ်ကြိုက်ဖန်တီးရုံပါပဲ … အဲ့တော့ အားလုံးအဆင်ပြေပြီး လှပအောင် ရိုက်နိုင်မှတော့ မရှိမဖြစ်လိုအပ်တဲ့ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူတွေ နဲ့ ဘယ်သွားသွား ဓာတ်ပုံလေးတွေ လှပအောင်ရိုက်ပြီး မှတ်တမ်းတင်နိုင်ဖို့ကတော့ သူလည်း မရှိမဖြစ်လိုအပ်တာပေါ့နော် ..

ဒါဆိုရင်တော့ Creative ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးချင်ပီးတော့ စွမ်းဆောင်ရည်မြင့်တဲ့ Smartphone တစ်လုံးကို ကိုင်ဆောင်ချင်တယ်ဆိုရင်တော့ HUAWEI nova 2i ဖုန်းကို ရွေးချယ်သင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly