မြန်မာခြောက်ဦး စာရွက်စာတမ်းတုများဖြင့် ထိုင်းနယ်စပ်တွင် ဖမ်းမိ

မြန်မာခြောက်ဦး စာရွက်စာတမ်းတုများဖြင့် ထိုင်းနယ်စပ်တွင် ဖမ်းမိ

သြဂုတ် ၂၄ ။         ။ ထိုင်းနိုင်ငံအတွင်းသို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တုဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားခြောက်ဦးအား ထိုင်းနိုင်ငံ၊ ကန်ချန်နာဘူရီတွင် ထိုင်းရဲများက ဖမ်းဆီးခဲ့သည်။

ထိုင်းနိုင်ငံတွင်းသို့ ပစ်ကပ်ထရပ်ကားဖြင့် မောင်းနှင်ဝင်ရောက်ခြင်းဖြစ်ပြီး ကားမောင်းသူ မြန်မာအမျိုးသားက ၎င်းနှင့် ၎င်း၏ ဂိုဏ်းသည် ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်အတုများလုပ်ကိုင်ကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းရဲကပြောသည်။

အဆိုပါ ယာဉ်မောင်းအား စာရွက်စာတမ်းအတုများပြုလုပ်မှု၊ လူမှောင်ခိုသွင်းမှုတို့ဖြင့် တရားဆွဲမည်ဖြစ်ပြီး ထရပ်ကား ပေါ်တွင် အတူလိုက်ပါလာသူ ကျန်ငါဦးကိုမူ စာရွက်စာတမ်းအတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထားသည်။

Ref; The Natio-Breaking

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly