မြန်မာနိုင်ငံကို ပြန်လာပြီး သိုင်းသင်တန်းဖွင့်တော့မယ့် ရဲမင်းပိုင်

မြန်မာနိုင်ငံကို ပြန်လာပြီး သိုင်းသင်တန်းဖွင့်တော့မယ့် ရဲမင်းပိုင်

ရန်ကုန်   ဇန်နဝါရီ   ၂၈ ။         ။ တစ်ချိန်က မြန်မာဗီဒီယိုလောကမှာ အထိုးအကြိတ် အက်ရှင်ဇာတ်ကားတွေနဲ့ နေရာတစ်ခုရခဲ့တဲ့ ဖိုက် တင်မင်းသား၊ သရုပ်ဆောင်ရဲမင်းပိုင်ဟာ လာမယ့် ဇန်နဝါရီ လ ၃ဝ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာ တော့မှာ ဖြစ်ပါတယ်။

မြန်မာပြည်ပြန်ရောက်လာတဲ့အခါ သိုင်းသင်တန်း ကျောင်းတစ်ခုဖွင့်လှစ်မှာဖြစ်သလို အနုပညာ အလုပ်တွေလည်း ပြန်လည်လုပ်ကိုင်တော့မယ်လို့ သရုပ်ဆောင်ရဲမင်းပိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် အသိပေးထားပါတယ်။

Fighter Hero’s လို့ နာမည်ပေးထားတဲ့ သင် တန်းကျောင်းမှာ ဖိုက်တင်ပညာနဲ့ သရုပ်ဆောင် ဖြစ်ချင်သူတွေအတွက် ကိုယ်လုံပညာတွေ သင် ကြားပေးသွားမှာ ဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် အသိပေးခဲ့ပါတယ်။

“အနုပညာဖိုက်တင်နဲ့ သရုပ်ဆောင်ဖြစ်ချင်သူများ ရှိနေကြမှာပါ၊ ရှိနေဖို့လည်း အထူးလိုအပ်ပါတယ်၊ ပညာပေးအသိ အနုပညာများပေါ်လာဖို့လည်း အရေးကြီးပါတယ်၊ အားကစားစိတ်ဓာတ် ကာကွယ် တိုက်ခိုက်နည်းပညာတွေလည်း မြင့်မားလာဖို့ အထူးလိုအပ်ပါတယ်၊ အမျိုးသမီး၊ အမျိုးသားတိုင်း Martial Arts ကို လေ့လာသင်ယူသင့်ပါတယ်၊ မတရားစော်ကားခြင်းခံရတာဟာ ဘာမှမတတ် လို့ပါ၊ အတတ်ပညာတတ်မြောက်ထားပါက စော် ကား အနိုင်ကျင့်ခံရမည်မဟုတ်ပါ၊ ကျနော်ကိုယ် တိုင်သင်ပေးမှာပါ” လို့ ရဲမင်းပိုင်က ပြောထားပါ တယ်။

Fighter Hero’s သင်တန်းမှာ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၅ ဦးတို့ကို ပထမဆုံးအနေနဲ့ ရွေးချယ် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ သင်တန်းသား ၃ဝ ဦးထဲကို ထပ်ဆင့်ရွေးချယ်ပြီး လက်ရွေးစင်သင်တန်းသားတချို့ကို ” ဒဏ္ဍာရီ သူရဲကောင်း” ဆိုတဲ့ရုပ်ရှင်ကားမှာ ပါဝင်သရုပ် ဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရဲမင်းပိုင်ဟာ မြန်မာပြည်ကို ပြန်ရောက်ပြီ ဆိုရင်လည်း နယ်လှည့် ဖျော်ဖြေပွဲတွေ ပြုလုပ်မှာ ဖြစ်ပြီး ဖျော်ဖြေပွဲတွေက ရတဲ့ငွေတွေကို နာရေး ကူညီမှုအသင်းနဲ့ ကလေးများရဲ့ပညာရေးအတွက် လှူဒါန်းသွားဖို့လည်း ရည်ရွယ်ထားတယ်လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဆိုထားပါတယ်။

သရုပ်ဆောင်ရဲမင်းပိုင်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်များ စွာက မြန်မာ့ဗီဒီယိုလောကရဲ့ ဖိုက်တင်မင်းသား အဖြစ် ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့ချိန်မှာ ပြည်ပကို ထွက်ခွာသွားခဲ့ပါတယ်။

ရဲမင်းပိုင်ဟာ မြန်မာပြည်က ထွက်ခွာမသွားခင် မင်းသားကြီးကျော်ဟိန်း၊ ကျော်သူတို့နဲ့တွဲဖက်ပြီး မင်းသိင်္ခရဲ့ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ "ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား" ဇာတ်ကားကို နောက်ဆုံးရိုက်ကူးခဲ့ပါတယ်။

ရဲမင်းပိုင်ဟာ လက်ရှိမှာ အမေရိကန်နိုင်ငံ၊ အင် ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝိန်းမှာ မိသားစုနဲ့အတူ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly