ဒေါ်အောင်ဆန်းစုကြည်က ပကတိနဲ့ ဝေးကွာနေသော်လည်း နိုင်ငံ၏ အကောင်းဆုံးမျှော်လင့်ချက် ဖြစ်နေဆဲဟု ရစ်ချက်ဆန် ပြော

ဒေါ်အောင်ဆန်းစုကြည်က ပကတိနဲ့ ဝေးကွာနေသော်လည်း နိုင်ငံ၏ အကောင်းဆုံးမျှော်လင့်ချက် ဖြစ်နေဆဲဟု ရစ်ချက်ဆန် ပြော

 

ဇန်နဝါရီ ၂၇ ။           ။ မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သီးခြားထီးကျန်စွာဖြင့် ပကတိတရားနှင့် ဝေးကွာ Living in a bubble နေပြီဖြစ်ကြောင်း နိုဘယ်ဆုရှင်နှင့် အချေအတင်ဖြစ်ခဲ့ပြီးနောက် ဘင်္ဂါလီအရေး အကြံပေးအဖွဲ့မှ နုတ်ထွက်သွားသူ  အမေရိကန်နိုင်ငံရေးသမားဟောင်း ဘီလ်ရစ်ချက်ဆန်က ပြောသည်။

သူနှင့် ရေရှည်မိတ်ဆွေဖြစ်ခဲ့သူဟု ဒေါ်အောင်ဆန်းစုကြည်သည် ယုံမှားသံသလွန်အကာအကွယ်ယူနေမှု (ှiege Mentality) ဖြစ်တည်နေကြောင်း ရစ်ချက်ဆန်ကပြောသော်လည်း အနောက်အုပ်စုအနေဖြင့် မြန်မာနှင့်ဆက်လက် ချိတ်ဆက်လက်တွဲသွားသင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည်အပြောင်းအလဲအတွက် နိုင်ငံ၏ အကောင်းဆုံးမျှော်လင့်ချက် ဖြစ်နေဆဲမို့ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။

“အနောက်အုပ်စု၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာမီဒီယာတွေနဲ့ထိတွေ့ဆက်ဆံမှုက တော်တော်လေး ဆိုးနေတယ်။”ဟု ၎င်းက ပြောသည်။

“ဒါအပြင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိစည်းနှိပ်ကွပ်မှုတွေကိုဒေါ်အောင်ဆန်းစုကြည်က ရင်စည်းခံထားတယ်။ ဒီအသိုင်းအဝိုင်းက သူ့ကိုကူညီပေးနိုင်မှာလို့ ကျွန်တော်က ထင်မြင်ထားတယ်။ သူဟာ တစ်ယောက်တည်းဖြစ်နေပုံရတယ်။ နိုင်ငံအတွင်းလည်း တော်တော်များများ ခရီးသွားလာမှုမရှိဘူး။ သူဟာ ပကတိနဲ့ ဝေးနေသလို ဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်။”ဟု ဘီလ်ရစ်ချက်ဆန်က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက် အကြံပေးအဖွဲ့၏ ရခိုင်ပြည်နယ်သို့ ပထမဆုံးခရီးစဉ်အတောအတွင်း အကြံပေး အဖွဲ့က ဆင်ရေကို ဆိတ်သားရေနှင့်ဖုံးနေခြင်းပဲဟု ပြောဆိုလျက် ရစ်ချက်ဆန်က နုတ်ထွက်သွားခဲ့သူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးက ဇန်နဝါရီ ၂၅ ရက်နှောင်းပိုင်းတွင်ထုတ်ပြန်ထားသည်မှာ ရစ်ချက်ဆန်ကို နုတ်ထွက်ခိုင်းလိုက်ခြင်း ဖြစ်ပြီး ၎င်းကကိုယ်သဘောကို ဆောင်၍ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည့် ရစ်ချက်ဆန်က၎င်းထုတ်ပြန်ချက်ကို ငြင်းဆန်ပြီး ၎င်း၏ ဆန္ဒအရ နုတ်ထွက်ခဲ့ကာ အစိုးရထံခွင့်ပြုချက် တောင်းခဲ့ခြင်းမျိုး မရှိကြောင်း ဆိုသည်။ မြန်မာသို့ ခရီး မထွက်လာမီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရက်ဇ်တေလာဆန်နှင့် ဖုန်းပြောဆိုခဲ့ကြောင်း ရစ်ချက်ဆန်က ပြောသော်လည်းပြောဆိုမှု အသေးစိတ်ကို ထုတ်ဖော်မပြောပေ။

အကြံပေးအဖွဲ့မှ ကျန်ရှိသည့် ကိုးဦး၏ ဇန်နဝါရီ ၂၆ ရက် ထုတ်ပြန်ချက်တွင်ယခုသီတင်းပတ်အတွင်း ၎င်းတို့က ပွင့်လင်းသော အမြင်သဘောထားများဖြင့်တွေ့ဆုံစည်းဝေးခဲ့ကြောင်း၊ ရစ်ချက်ဆန်၏ အကြံပေးအဖွဲ့က အစိုးရအတွက်နှမ်းဖြူးပေးသည့် အဖွဲ့အဖြစ် ပြောဆိုစွပ်စွဲခြင်းကိုလည်း ပယ်ချကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly