မြန်မာ-အိန္ဒိယချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမနေ့ မဏိပူရပြည်နယ်အမျိုးသမီးအသင်း အနိုင်ရ

မြန်မာ-အိန္ဒိယချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမနေ့ မဏိပူရပြည်နယ်အမျိုးသမီးအသင်း အနိုင်ရ

 

မန္တလေး၊ ဇန်နဝါရီလ ၂၇ ။               ။ မြန်မာ-အိန္ဒိယ ၂ နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်အရ မြန်မာ-အိန္ဒိယချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမနေ့အဖြစ် ဇန်နဝါရီလ ၂၇ ရက်၊မွန်းလွဲ ၃ နာရီက မန္တလေးမြို့ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းတွင် ပြုလုပ်သည်။

မြန်မာနိုင်ငံကိုယ်စားပြု စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးအသင်းနှင့်အိန္ဒိယနိုင်ငံကိုယ်စားပြု မဏိပူရပြည်နယ် အမျိုးသမီးတို့ယှဉ်ပြိုင်ကစားကြရာ မဏိပူရပြည်နယ်အမျိုးသမီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး အသင်းကို ၇ ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။

ဇန်နဝါရီလ ၂၈ ရက်၊မွန်းလွဲ ၃ နာရီတွင် ဒုတိယနေ့အဖြစ် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအသင်းနှင့် မဏိပူရပြည်နယ် အမျိုးသမီးအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ- အိန္ဒိယ အမျိုးသမီးဘောလုံးအသင်းများ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်  ဇန်နဝါရီလ ၂၇၊ ၂၈ ရက်တို့တွင် မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်း၌ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအသင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြ မည် ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၃ ရက်က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly