KIO ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်

KIO ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်
Photo -Hkun Aung nlam FB

 

 

ဇန်နဝါရီလ ၂၇ ရက်၊၂၀၁၈ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။          ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းကို လိုင်ဇာမြို့ရှိ ပဒန်ခန်းမတွင် ဇန်နဝါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့သည်။

KIO ဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားကို ကချင်ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများ က စုပေါင်း ဆုတောင်းဝတ်ပြုခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဥက္ကဋ္ဌသစ် ကျမ်းသစ္စာကျိန်ဆိုပြီး ဆုတောင်းတာပဲရှိတယ်။ ဘာသာရေးခေါင်းဆောင်တွေ ဆုတောင်းပေးတာ ပါပဲ။ ရှေ့လုပ်ငန်းစဉ် နိုင်ငံရေးနဲ့ ပတ်သက်လို့တော့ ဥက္ကဋ္ဌက ဘာမှ မပြောသေးဘူး။ ဗဟိုကော်မတီရဲ့ ဆုံးဖြတ် ချက် အတိုင်းသွားမှာပါ”ဟု KIO ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကျန်းမာရေးအရ အနားယူသွားသည့် ဥက္ကဋ္ဌဟောင်း ဦးလညော်ဇော်ဟရားက ဇန်နဝါရီလ ၂ ရက်နေ့တွင် KIO ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအခမ်းအနားတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆာင်များ၊ KIO ဗဟိုကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဂုဏ်ပြုခဲ့သည်ဟု သိရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly