တားမြစ်ဆေးစစ်ဆေးသူများထံ ဖြေရှင်းချက်ပေးရမယ့် ဆန်းချက်ဇ်

တားမြစ်ဆေးစစ်ဆေးသူများထံ ဖြေရှင်းချက်ပေးရမယ့် ဆန်းချက်ဇ်

 

ဇန်နဝါရီ ၂၇၊ မန်ချက်စတာ။                        ။ မန်ယူနိုက်တက်ကစားမား ဆန်းချက်ဇ်အနေနဲ့ တနင်္လာနေ့တုန်းက တားမြစ်ဆေးစစ်ဆေးချိန်မှာ သူဘယ်ရောက်နေလဲဆိုတာ အာဆင်နယ်နဲ့ အသင်းသစ်မန်ယူနိုက်တက်က ဘာကြောင့် မပြောနိုင်တာလဲဆိုတာနဲ့ပတ်သက်ပြီး တားမြစ်ဆေးစစ်သူတွေထံ ဖြေရှင်းချက်ပေးရမှာဖြစ်ပါတယ်။

တားမြစ်ဆေးစစ်ဆေးသူတွေဟာ ဆန်းချက်ဇ် မန်ယူနိုက်တက်နဲ့အပြောင်းအရွှေ့ပြီးမြောက်မယ့် အဲဒီနေ့ ၈း၀၀ နာရီအချိန်မှာ အာဆင်နယ်အသင်းထံ ရောက်လာခဲ့ကြပါတယ်။

တားမြစ်ဆေးစစ်ဆေးခံဖို့ ဆန်းချက်ဇ်ရဲ့နမူနာပုံစံလည်းလိုအပ်ခဲ့ပေမယ့် အဲဒီချီလီကစားသမားဟာ နမူနာပုံစံပေးတဲ့စာရင်းမှာ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။

သူ့အနေနဲ့ဖြေရှင်းချက်ပေးရမှာဖြစ်ပြီး ကျေနပ်လောက်တဲ့အဖြေမဟုတ်ရင်တော့ ပျက်ကွက်မှု တစ်ကြိမ်ကျူးလွန်တာပါပဲ။ တစ်နှစ်အတွင်း သုံးကြိမ်ပျက်ကွက်ရင် အက်ဖ်အေရဲ့စည်းကမ်းကို ချိုးဖောက်တာပါပဲ။

မန်ယူနိုက်တက်ကနေ ကစားသမားအလဲအထပ်အဖြစ်နဲ့ရောက်လာတဲ့ မစ်ခီတာယန် ဘယ်ရောက်နေတယ်ဆိုတာကိုတော့ အာဆင်နယ်အသင်းက ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးကတော့ “ဘာကိုမှ ဖုံးကွယ်စရာမရှိပါဘူး။ တနင်္လာနေ့တုန်းက အဖြစ်အပျက်တွေအများကြီး ဖြစ်နေပါတယ်။ အဲဒီနေ့က ဆန်းချက်ဇ်အတွက် ထူးရှယ်နေ့တစ်နေ့ဖြစ်ပြီး စာချုပ်ချုပ်ချုပ်ဖို့ ခရီးသွားဖို့တွေရှိနေပါတယ်။

အဲဒီနေ့ကျမှ တားမြစ်ဆေးစစ်ခံရဖို့ရှိနေတာတော့ သူ့အတွက်မကောင်းဘူးပေါ့။ အုပ်ချုပ်ရေးပိုင်းအနေနဲ့ ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ သူ့အပြောင်းအရွှေ့မပြီးပြတ်သေးချိန်ဖြစ်နေလို့ ကျွန်တော်တို့မှာ တာဝန်ရှိနေချိန်ဖြစ်ပါတယ်။

အမှန်တကယ်ဘာတွေဖြစ်ခဲ့လဲ ကျွန်တော်မသိပါဘူး။ တားမြစ်ဆေးစစ်တိုင်း သူအကောင်းဆုံး ပူးပေါင်းပါဝင်ခဲ့ဖူးတဲ့အတွက်တော့ ကျွန်တော် စိတ်အေးရပါတယ်။ သူ့အနေနဲ့ ရှောင်လွှဲဖို့ရည်ရွယ်ချက်မရှိသလို ကျွန်တော်တို့ဘက်ကလည်း မရှိပါဘူး”လို့ ပြောဆိုခဲ့ ပါတယ်။

တနင်္လာနေ့က ဆန်းချက်ဇ်နဲ့ မစ်ခီတာယန်တို့ဟာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အလုပ်လုပ်ခွင့်ပါမစ်အတွက် လီဗာပူးလ်မြို့က  မှတ်ပုံတင်ရုံးမှာရှိနေကြတဲ့ ဓါတ်ပုံတွေတော့ ဖော်ပြခံထားရပါတယ်။

အသင်းတွေအနေနဲ့ လေ့ကျင့်ခန်းအစီအစဉ်နဲ့ ကစားသမားတွေဘယ်မှာရှိနေကြောင်း အသေးစိတ်တင်ပြဖို့လိုအပ်ပြီး ဒါမှသာ တားမြစ်ဆေး စစ်ဆေးမှုကို အချိန်မရွေးပြုလုပ်နိုင်မှာပါ။

တကယ်လို့ အသင်းတွေဘက်က သတင်းအချက်အလက်ပေးဖို့ပျက်ကွက်တာမျိုး ဒါမှမဟုတ် စစ်ဆေးသူတွေက သူတို့စစ်ချင်တဲ့ ကစားသမားကို ရှာမတွေ့တာမျိုးကို ၁၂ လအတွင်း သုံးကြိမ်ဖြစ်ပေါ်ခဲ့မယ်ဆိုရင် အက်ဖ်အေရဲ့စည်းကမ်းကို ချိုးဖောက်တယ်လို့ သတ်မှတ်ခံရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက အဲဒီလိုအဖြစ်မျိုးကိုကြုံခဲ့ရတဲ့ မန်စီးတီးနဲ့ ဘုန်းမောက်တို့ဟာ ပေါင် ၃၅, ၀၀၀ စီဒဏ်ရိုက်ခံခဲ့ရပါတယ်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly