ချယ်လ်ဆီးသို့ပြောင်းခွင့်ပြုရန် အဲဗာတန်ဥက္ကဋ္ဌထံဂျွန်စတုန်း တိုက်ရိုက်တောင်းဆိုမည်ဟု သတင်းထွက်

ချယ်လ်ဆီးသို့ပြောင်းခွင့်ပြုရန် အဲဗာတန်ဥက္ကဋ္ဌထံဂျွန်စတုန်း တိုက်ရိုက်တောင်းဆိုမည်ဟု သတင်းထွက်

ဂျွန်စတုန်းသည် အဲဗာတန်မှထွက်ခွာခွင့်ရရန်အသင်းဥက္ကဋ္ဌ ဘီလ်ကင်ရိုက်ထံ တိုက်ရိုက်တောင်းဆို မည်ဖြစ်ပြီး ယခုတစ်ပတ်တွင်မော်ရင်ဟို၏ ချယ်လ်ဆီးအသင်းနှင့်ပူးပေါင်းလိမ့်မည်ဟု ဆန်းဒေးပီးပဲလ် သတင်းစာက ဖော်ပြလိုက်သည်။

အဲဗာတန်နည်းပြမာတီနက်ဇ်ကမူ တောင်းဆိုခံရပင်လျှင် ယင်းနောက်တန်းကစားသမားကို အသင်းပြောင်းခွင့်ပြုမည်မဟုတ်ဟု ပြောဆို ထားသည်။

ချယ်လ်ဆီးအသင်းသည် ဂျွန်စတုန်းအတွက် နောက်ဆုံးအကြိမ် ပေါင်သန်း ၃၀ အပါအဝင် သုံးကြိမ်ကမ်းလှမ်းခဲ့သော်လည်း အားလုံးပယ်ချခံခဲ့ ရသည်။

သို့သော် မော်ရင်ဟိုသည် အသက် ၂၁ နှစ်အရွယ်အင်္ဂလန်လက်ရွေးစင်နောက်ခံလူကို ခေါ်ယူရန်စိတ်အားထက်သန်နေပြီး နောက်ဆုံးအကြိမ် အဖြစ် ပေါင် ၃၆ သန်းဖြင့် ကမ်းလှမ်းဦးမည်ဖြစ်သည်။

ဂျွန်စတုန်းအနေဖြင့် ချယ်လ်ဆီးသို့ပြောင်းခွင့်ရရန် အဲဗာတန်ဘုတ်အဖွဲ့ထံတရားဝင်တောင်းဆိုခဲ့ပါက တားဆီးရန်ခက်ခဲသည့်အနေအထားသို့ ရောက်သွားမည်ဖြစ်သည်။

အဲဗာတန်ဥက္ကဋ္ဌ ဘီလ်ကင်ရိုက်သည် အလေးအနက်ထားစဉ်းစားနေပြီး လူငယ်နောက်ခံလူတစ်ဦးအတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ကိုသာလက်ခံခဲ့ပါက ဘန်စလေအသင်းထံမှ ပေါင် ၃ သန်းဖြင့် သာခေါ်ယူထားသည့် ဂျွန်စတုန်းကိုပြန်လည်ရောင်းချရာမှ များစွာမြတ်စွန်းမည် ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly