ပါလက်စတိုင်းတို့ကို အကူအညီပေးမှု ရပ်ဆိုင်းမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ပါလက်စတိုင်းတို့ကို အကူအညီပေးမှု ရပ်ဆိုင်းမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ဇန်နဝါရီ ၂၆ ။           ။ ပါလက်စတိုင်းတို့အပေါ် အကူအညီ ထောက်ပံ့ပေးနေမှုများကို ရပ်ဆိုင်းလိုက်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၆ ရက်တွင် ခြိမ်းခြောက်ပြောဆိုသွားပါတယ်။ တစ်ချိန်တည်းမှာပင် ပါလက်စတိုင်းခေါင်းဆောင်တွေအနေနဲ့ အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်အပေါ်မှာလည်း လေးစားမှု ကင်းမဲ့လွန်းခဲ့တယ်ဆိုပြီး ထရမ့်က ပြစ်တင်သွားခဲ့ပါတယ်။

" အမေရိကန်အပေါ်မှာတော့ လေးစားမှုလေးတော့ ပြရမယ်လေ၊ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့ဘက်က နောက်ထပ် ဘာမှ လုပ်ပေးစရာ အကြောင်းရှိမှာမဟုတ်ပါဘူး" ဆိုပြီး ထရမ့်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့က ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ သတင်းထောက်တွေကို ပြောသွားခဲ့တာဖြစ်ပါတယ်။

" ပြီးခဲ့တဲ့အပတ်ကပဲ သူတို့ ကျွန်တော်တို့အပေါ် လေးစားမှု မရှိတာကို ပြခဲ့တယ်၊ သူတို့နဲ့ လာတွေ့မယ့် ကျွန်တော်တို့ရဲ့ ဒုသမ္မတကို သူတို့ ခွင့်ပြုမပေးခဲ့ဘူးလေ" ဆိုပြီး  ထရမ့်က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် အတူထိုင်ကာ သတင်းထောက်များကို ပြောသွားသည်။

ပါလက်စတိုင်းတို့အနေနဲ့ စေ့စပ်ညှိနှိုင်းရေး စားပွဲသို့ ပြန်မလာဘူးဆိုပါက ယင်းတို့အပေါ် အကူအညီ သန်းနဲ့ချီ ပေးဝေမှုကို ရပ်ဆိုင်းကောင်း ရပ်ဆိုင်းနိုင်ကြောင်း ထရမ့်က ခြိမ်းခြောက်ပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly