ရီးယဲလ်မက်ဒရစ်နည်းပြရာထူးကို ပိုချက်တီနိုငြင်းဆန်ခြင်းမပြု

ရီးယဲလ်မက်ဒရစ်နည်းပြရာထူးကို ပိုချက်တီနိုငြင်းဆန်ခြင်းမပြု

 

ဇန်နဝါရီ ၂၆၊ လန်ဒန်။        ။ ရီးယဲလ်မက်ဒရစ်နည်းပြရာထူးနှင့်ပတ်သက်ပြီးထွက်ပေါ်နေသော ကောလာဟလများကို စပါးအသင်းနည်းပြပိုချက်တီနိုက ငြင်းဆန်ခဲ့ခြင်းမရှိသည့်အပြင် အာဆင်နယ်နှင့် ဘာစီလိုနာမဟုတ်သည့် အသင်းနှင့်သာအလုပ်လုပ်ချင်သည်ဟု ပြောသည်။

ရီးယဲလ်မက်ဒရစ်နည်းပြဇီဒန်းသည် လက်ရှိတွင်ဖိအားများနှင့်ရင်ဆိုင်နေရပြီး ဇီဒန်းထုတ်ပယ်ခံရပါက ပိုချက်တီနိုမှာ နံပါတ် ၁ ပစ်မှတ်ဖြစ်လာနိုင်သည်ဟု မေးလ်အွန်လိုင်းသတင်းတွင်ဖော်ပြခဲ့ဖူးသည်။

စပါးအသင်းကိုသာအာရုံစိုက်ထားသော်လည်း ပိုချက်တီနိုက “ဘောလုံးမှာ ဘာကိုမှကြိုမပြောနိုင်ပါဘူး။ ဘာစီလိုနာနဲ့ အာဆင်နယ်နည်းပြတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်က စပါး၊ အက်စ်ပန်ညိုတို့ရဲ့ နည်းပြဖြစ်နေလို့ပါ။

နယူးဝဲလ်အိုးဘွိုင်းအသင်းနဲ့စတင်ခဲ့တဲ့ကျွန်တော်ဟာ သူတို့ရဲ့ပြိုင်ဘက် ရိုဆာရီရို စင်ထရယ်အသင်းကို ဘယ်တော့မှ ကိုင်တွယ်မှာမဟုတ်သလိုပေါ့။

ဒါ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ပါပဲ။ တခြားနေရာတွေမှာထက် အာဂျင်တီးနားမှာပိုပြီးတော့ နည်းပြလုပ်ချင်ပါတယ်”ဟု ဆိုသည်။

စပါးတွင် ကာလရှည်အရေးကိုစဉ်းစားသော်လည်း အနာဂါတ်မှာမူ ရေရာမှုမရှိဟုလည်း ပိုချက်တီနိုက ဝန်ခံခဲ့သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly