ကမ္ဘာကျော် အဆိုတော် IYAZ ပါ၀င်ဖျော်ဖြေမည့် YANGON RUNWAY ဂီတဖျော်ဖြေမှုနှင့်ဖက်ရှင်ပြပွဲ

ကမ္ဘာကျော် အဆိုတော် IYAZ ပါ၀င်ဖျော်ဖြေမည့် YANGON RUNWAY ဂီတဖျော်ဖြေမှုနှင့်ဖက်ရှင်ပြပွဲ

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ။         ။ ကမ္ဘာကျော် အဆိုတော် IYAZ  ပါဝင်ဖျော်ဖြေမည့် YANGON RUNWAY GIRLS COLLECTION 2nd Edition Fashion & Music Festival ပွဲကို လာမည့် ဖေဖော်ဝါရီ ၂ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံမှ အဆိုတော် X_Box ၊ အမွန်း ၊ ဘီလီလမင်းအေး ၊ Mary တို့က ပါဝင်ဖျော်ဖြေကြမည် ဖြစ်ပြီး အဆိုပွဲမျိုးကို ယခု ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ယမန်နှစ်က တစ်ပွဲ ပြုလုပ်ခဲ့သည်။

ပွဲတွင် အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ပွဲစင်မြင့် ဒီဇိုင်းများ ၊ တီးခတ်မှုများ ၊ စင်မြင့် ဒီဇိုင်းနှင့် လိုက် ဖက်သည့် မော်ဒယ်များ၏ ဝတ်စားဆင်ယင်မှုများ ၊ ဒီဇိုင်နာများ၏ ဒီဇိုင်းများကိုလည်း ပရိသတ်များ အနေဖြင့် ကြည့်ရှုခံစားရမည် ဖြစ်သည်။

YANGON RUNWAY GIRLS COLLECTION 2nd Edition Fashion & Music Festival ပွဲလက်မှတ်များကို

ကျပ် ၂၅၀၀၀ကျပ် ၊ VIP တစ်စောင်လျှင် ကျပ် ၁သိန်း ၊ VVIP တစ်စောင်လျှင် ကျပ် ၃သိန်း (Artist meet & greet After party at the vibe club) အဖြစ် သတ်မှတ်ထားသည်။

ဖျော်ဖြေပွဲ လက်မှတ် များကို LSE OFFICE ၊ တော်ဝင်ဂါးဒင်းဟိုတယ် ၊ THE VIBE CLUB ၊ No. 2 ART AREA ၊ MYANPWEL (ONLINE) ၊ TICKET BOX (ONLINE) အစရှိသည့် နေရာများတွင် ဝယ်ယူရရှိနိုင်မည် ဖြစ် သည်။

ကမ္ဘာကျော် အဆိုတော် IYAZ သည် YANGON RUNWAY GIRLS COLLECTION 2nd Edition Fashion & Music Festival ပွဲအတွက် ဖျော်ဖြေရန် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁ ရက်တွင် ရောက်ရှိမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly